Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, August 6, 2015

ရေဘေးကယ်ဆယ်ရေးနှင့် ပတ်သက်၍ အရေးပေါ် လိုအပ်ချက်များ ဝေဖန်အကြံပြုချက်များအား လက်ခံ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း


ရခိုင်ပြည်နယ်မှာ ရဟတ်ယာဉ်ပေါ်က ချသွားတဲ့ဆန် ၁၃ အိတ်။
Posted by The Melting Pot 4 U on Tuesday, 4 August 2015
နေပြည်တော်၊ သြဂုတ် ၎

တပ်မတော်အနေဖြင့် ရေဘေးသင့်ဒေသအသီးသီးရှိ ပြည်သူများ၏ အခက်အခဲများကို စေတနာထား၍ ကယ်ဆယ်ရေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိပါသည်။ ထိုသို့ ဆောင်ရွက်ရာတွင် မြ၀တီနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး Facebook စာမျက်နှာများသို့ ရေဘေးကယ်ဆယ်ရေးနှင့်
ပတ်သက်၍ ကူညီပေးနိုင်ရန် သတင်းပေးပို့မှုများကိုလည်း လက်ခံရရှိခဲ့ပါသည်။

အဆိုပါ သတင်းပေးပို့မှုများအရ သွားလာရန်ခက်ခဲသော နေရာများသို့ တပ်မတော် ရဟတ်ယာဉ်များအသုံးပြုပြီး အချိန်နှင့်တစ်ပြေးညီ ထောက်ပံ့ရေးပစ္စည်းများအား ပို့ဆောင်ခဲ့ပါသည်။ ထိုသို့သွားရောက်ရာတွင် ရဟတ်ယာဉ် ဆင်းသက်ရန် မြေပြင်အခြေအနေ အခက်အခဲရှိမှုအား ကြိုတင်မသိရှိနိုင်သည့်အတွက် ဝေဟင်မှပင် ချပေးခဲ့ ရသည်များလည်း ရှိပါသည်။

ထိုသို့ ချပေးရာတွင် အချို့သော ထောက်ပံ့ရေးပစ္စည်းများမှာ ရွံဗွက်ထဲသို့လည်းကောင်း၊ ကွဲနိုင်သည့် ပစ္စည်းအချို့ ပျက်ဆီးမှုများ ရှိခဲ့သည်ကိုလည်းကောင်း သိရှိရသည့်အတွက် များစွာ စိတ်မကောင်းဖြစ်မိပါသည်။ နောင်တွင် အလားတူ ကိစ္စရပ်မျိုး ထပ်မံမဖြစ်ပွားစေရေး စီမံဆောင်ရွက်လျက်ရှိပါသည်။
ယခုကဲ့သို့ လိုအပ်ချက်များ၊ အကြံပြုချက်များ ရရှိသည့် အတွက် အလွန်တရာ ကျေးဇူးတင်ရှိပါကြောင်း၊ လိုအပ်ချက်များ နှင့် အကြံပြုချက်များအား ကြိုဆိုလျက်ရှိပါကြောင်း အသိပေးကြေငြာအပ်ပါသည်။
မြ၀တီ 




No comments:

Post a Comment