Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, August 21, 2015

ဆိတ်များအကြောင်း သုတေသနပြုနိုင်ရန် သုံးရက်ကြာ ဆိတ်တစ်ကောင် ကဲ့သို့ နေထိုင်စမ်းသပ်မှု အောင်မြင်




လန်ဒန် ၊ ၂၁-၈-၂၀၁၅

လန်ဒန်မြို့မှ အသက် ၃၄ နှစ် အရွယ်ရှိ သုတေသီ သောမတ် သာဝါတိစ် သည် ဆိတ်တစ်ကောင် နှင့် တစ်ထပ်တည်း တူအောင် ဖန်တီး ထားရှိသည့် ဝတ်စုံကို ကိုယ်တိုင် ဝတ်ဆင်ကာ ဆိတ်များ၏ နေထိုင် စားသောက်ပုံ နှင့် တစ်ကောင်နှင့် တစ်ကောင် မည်သို့ ဆက်သွယ် ကြသည်ကို အသေးစိတ် လေ့လာမှုသည် အောင်မြင် ခဲ့သည်ဟု သိရသည်။

ဆိတ်တစ်ကောင် ကဲ့သို့ပင် ကိုယ်တိုင် လေးဖက်တွား သွားခြင်း၊ ဆိတ်အုပ်နှင့် အတူ မြက်စားခြင်း မျိုးဖြင့် ဆိတ်များ၏ အမူအကျင့် များကို သုတေသနပြု လေ့လာနိုင် ခဲ့သည်။

ဗြိတိန်အစိုးရ ၏ ပံ့ပိုး ကူညီမှုဖြင့် သုံးရက်ကြာ Swiss Alps တောင်တန်း ဒေသတွင် ဆိတ်အုပ် နှင့်အတူ နေထိုင်ခဲ့ခြင်း  ဖြစ်သည်။ ယခုကဲ့သို့ သုတေသနပြု ခြင်းဖြင့် နောင် အနာဂတ်တွင် ဆိတ်အုပ် နှင့်အတူ နေထိုင်နိုင်သော စက်ရုပ် ဆိတ်များ ဖန်တီး နိုင်မည်ဟု သုတေသီ သောမတ် က ယုံကြည် ထားရှိသည်။

''လူတစ်ယောက် က ဆိတ်တစ်ကောင်လို နေထိုင်ရတာ တော်တော်လေး ခက်ခဲပါတယ်။ စိတ်ဖိစီး မှုလဲ ဖြစ်ခဲ့ရ ပါတယ်။ ထင်သလောက် မလွယ်ကူ ပါဘူး။ တောင်တက်၊ တောင်ဆင်းတဲ့ အခါမှာ ကြမ်းတမ်း ပါတယ်'' ဟု သောမတ် က ၄င်း၏ အတွေ့အကြုံကို ပြောပြသည်။ ဆိတ်အုပ် ပိုင်ရှင်၏ ခွင့်ပြု ချက်ဖြင့် ဆိတ်များနှင့် အတူ သုံးရက်ကြာ နေခဲ့ခြင်း ဖြစ်ပြီး နောက်ပိုင်း ဆိတ်များ ကိုယ်တိုင်လည်း မိမိကို လက်ခံခဲ့ကြောင်း သောမတ် က ဆက်လက် ရှင်းပြသည်။ ဘာသာစကား မရှိသည့် တိရစ္ဆာန် အချင်းချင်း တစ်ကောင်နှင့် တစ်ကောင် နားလည်မှု ရရှိရန် ဆက်သွယ် ကြပုံများနှင့် ဆိတ်များ၏ ပတ်ဝန်းကျင် အခြေအနေ ပေါ်လိုက်၍ ပြောင်းလဲပြုမူ နေထိုင်ပုံ များကို ရှင်းလင်းစွာ အသေးစိတ် သိရှိလို၍ လေ့လာခြင်း ဖြစ်ကြောင်း လန်ဒန်မြို့၊ကွင်းမ်ဖယ်ရီ တက္ကသိုလ် မှ ဒေါက်တာ အဲလန်မက် အီလီဂေါ့ နှင့် ဒေါက်တာ အဲလိုဒီ ဘရီဖာ က ရှင်းပြသည်။

#PyiChitThar

No comments:

Post a Comment