Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, August 2, 2015

ကရင်ဖခင်ကို သေနတ်ဖြင့်ပစ်သတ်သူအား စွဲချက်တင်

သား၏အသက်ကို ကယ်တင်သူ အသက် ၄၈ နှစ်ရှိ ကရင်အမျိုးသားကို သေနတ်ဖြင့် ပစ်သတ်ခဲ့သော လူငယ်တစ်ဦးအား ဇူလိုင် ၃၁ ရက်၊ သောကြာနေ့က တရားရုံးတွင် လူသတ်မှုဖြင့် အမှုစွဲချက်တင်လိုက်ပါသည်။
သား၏အသက်ကို ကယ်တင်ရန် ကြိုးပမ်းသော ကရင်ဖခင်ကို သေနတ်ဖြင့် ပစ်သတ်ခဲ့သူ အသက် ၂၁ နှစ်ရှိ မစ်ကီ ဆင်းဂရက်သ် ဖြစ်ပါသည်။သား၏အသက်ကို ကယ်တင်ရန် ကြိုးပမ်းသော ကရင်ဖခင်ကို သေနတ်ဖြင့် ပစ်သတ်ခဲ့သူ အသက် ၂၁ နှစ်ရှိ မစ်ကီ ဆင်းဂရက်သ် ဖြစ်ပါသည်။ဝစ်စကွန်ဆင်ပြည်နယ်၊ မီလ်ဝေါ့ကီးမြို့တွင် ဇွန်လ ၂၅ ရက်၊ ကြာသပတေးနေ့ နံနက်က ကရင်မိသားစုတစ်ခု၏ နေအိမ်ကို ဝင်ရောက် လုယက်စဉ် အိမ်ထောင်ဦးစီး ဖခင်ဖြစ်သူ ဂျေရိုကို သေနတ်ဖြင့် ပစ်ခဲ့သော အသက် ၂၁ ရှိ မစ်ကီ ဆင်းဂရက်သ်ကို ဇူလိုင် ၂၈ ရက်တွင် ရဲက ဖမ်းမိခဲ့သည်။ ၎င်းက ငွေရဖို့ လုယက်ရန်သာ ဖြစ်ပြီး လူသတ်ရန် မရည်ရွယ်ခဲ့ကြောင်းနှင့် စိတ်မကောင်းကြောင်း ရဲထံ ထွက်ဆိုခဲ့သည်။
အခင်းဖြစ်ပွားရာ အရပ်ဒေသတစ်ဝိုက်ရှိ လုံခြုံရေးကင်မရာများမှ ရိုက်ကူးထားသော ဗီဒီယိုများကို ရဲက ကြည့်ရှုစစ်ဆေးရာတွင် ပြစ်မှုဖြစ်ပွားချိန်က အနက်ရောင် SUV ယာဉ်တစ်စင်းကို မသင်္ကာဖွယ် တွေ့ရှိသဖြင့် ရှာဖွေစုံစမ်းခဲ့သည်။ လူသတ်မှု ဖြစ်ပွားရာ ကရင်မိသားစု၏ နေအိမ်မှ ၆ လမ်းအကွာတွင် နေထိုင်သော အမျိုးသမီးတစ်ဦး ပိုင်ဆိုင်သည့် အနက်ရောင် ရှက်ဗီ အင်ဗွိုင် SUV ယာဉ်ကို ရဲက စုံစမ်း ဖော်ထုတ်နိုင်ခဲ့ပါသည်။
ယာဉ်ပိုင်ရှင် အမျိုးသမီး၏ သားဖြစ်သူ မစ်ကီ ဆင်းဂရက်သ်ကို လူသတ်မှုဖြင့် ရဲက ဖမ်းဆီးခဲ့ပြီးနောက် ၎င်း၏ ကြံရာပါ အခြားအမျိုးသားတစ်ယောက်ကို ဆက်လက် စုံစမ်းရှာဖွေနေဆဲ ဖြစ်သည်။
ဘာလူမျိုးမှန်းမသိရသော အဖော်
အခင်းမဖြစ်ပွားမီညက မစ်ကီ ဆင်းဂရက်သ်သည် မိခင်၏ကားဖြင့် တစ်ညလုံး လျှောက်မောင်းနေခဲ့ပြီး၊ နံနက်အရုဏ်တက်တွင် အမည်မဖော်ပြသော အခြားသူတစ်ဦးကို ကားပေါ် တင်ခေါ်လာခဲ့သည်။ ရပ်ကွက်ထဲတွင် ကားလျှောက်မောင်းနေစဉ် ၎င်း၏ အဖော်က အသတ်ခံရသူ ဂျေရိုတို့၏ နေအိမ်ကို လက်ညှိုးထိုးပြ၍ ထိုအိမ်မှာ ပိုက်ဆံရှိကြောင်း ပြောဆိုသည်ဟု ၎င်းက ရဲထံ ထွက်ဆိုခဲ့သည်။
ဆင်းဂရက်သ်နှင့် ၎င်း၏အဖော်သည် ထိုအိမ်တံခါးကို လူခေါ်ဘဲလ်တီးရာ မီးဖိုထဲတွင် နံနက်စာ ချက်နေသော မိဘများက မကြားဘဲ ဂျေ ရို၏ သား အသက် ၁၁ နှစ်ရှိ သီးခုမူးက သွားရောက်မေးမြန်းပါသည်။ ၎င်း၏ အဖော်က ဘာသာစကားတစ်မျိုးဖြင့် သီးခုမူးကို ပြောကြားသည် ဆို၏။ ၎င်းတို့ အိမ်ကိုပြင်ဆင်ရန် လာခြင်း ဖြစ်ကြောင်း အယုံသွင်း ပြောကြားသဖြင့် သီးခုမူးက တံခါးဖွင့်ပေးလိုက်သည်။
ဆင်းဂရက်သ်က သီးခုမူး၏ လည်ပင်းကို သေနတ်ဖြင့် ထောက်ကာ အိမ်ထဲသို့ ဝင်လာပြီး လုယက်စရာပစ္စည်းများကို ရှာဖွေကြသည်။ အိပ်ခန်းများတွင် မတွေ့သဖြင့် မီးဖိုခန်းထဲတွင် မိသားစုအတွက် နံနက်စာ ချက်ပြုတ်နေသော ဂျေရိုနှင့် ဇနီး ကာထရီနာတို့ထံ ကလေး၏ လည်မျိုကို သေနတ်ဖြင့် တေ့လျက် ဝင်သွားခဲ့ကြသည်။
၎င်းတို့က မန်းနီး မန်းနီးဟု အင်္ဂလိပ်ဘာသာဖြင့် ပိုက်ဆံတောင်းနေသည်ကို ကာထရီနာက နားလည်သော်လည်း ပြန်မပြောတတ်သဖြင့် အခက်တွေ့နေစဉ် ဂျေရိုက သား၏ အသက်ကို ကယ်တင်ရန် ပြန်လည်ခုခံခဲ့သည်။ ဆင်းဂရက်သ်က သေနတ်ဖြင့် တစ်ချက်ပစ်လိုက်ရာ ဂျေရို၏ ရင်ဘတ်ကို ကျည်ဆံထိမှန်၍ နေရာတွင်ပင် သေဆုံးခဲ့ရသည်။
သေနတ်ဖြင့် ပစ်ပြီးနောက် ဆင်းဂရက်သ်နှင့် အဖော်တို့သည် အိမ်ပြင်သို့ ပြေးထွက်ကာ SUV ကားဖြင့် မောင်းနှင် ထွက်ပြေးသွားခဲ့ကြပါသည်။ ဆင်းဂရက်သ်က ၎င်း၏ အဖော်ကို သေနတ်ပေးလိုက်ပြီးနောက် သူ့ကို မူလ ခေါ်တင်လာခဲ့သည့် နေရာအနီးမှာပင် ချပေးခဲ့ကြောင်း ရဲထံ ထွက်ဆိုသည်။
ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းမှ ၂၀၁၁ ခုနှစ်တွင် အမေရိကန်နိုင်ငံသို့ ပြောင်းရွှေ့လာသော ကရင်မိသားစုသည် ဂျေရိုနှင့်ဇနီး၊ အသက် ၅ နှစ်၊ ၇ နှစ်၊ ၉ နှစ်နှင့် ၁၁ နှစ်ရှိ သားသမီး လေးဦး၊ ဂျေရို၏ မိဘနှစ်ဦးတို့ အတူနေထိုင်နေကြသည်။ ဂျေရိုသည် ကာဂီးလ် အသားထုပ်ပိုးစက်ရုံတွင် အလုပ်လုပ်ကိုင်နေရာမှ ယမန်နှစ်က စက်ရုံပိတ်လိုက်သောကြောင့် မိသားစု ၆ ဦးနှင့် မိဘနှစ်ပါးတို့ဖြင့် အလုပ်လက်မဲ့ ဖြစ်နေရပါသည်။
http://kabarthit.com/index.php?option=com_content&view=article&id=713:2015-08-01-17-47-56&catid=8:2013-10-13-17-09-02&Itemid=214

No comments:

Post a Comment