Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, August 16, 2015

ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် ထျန်းကျင်း စက်မှုဇုန်အတွင်း ဆိုဒီယမ်ဆိုင်ယာနိုက် များ တွေ့ရှိပြီးနောက် ဒေသခံများကို ဘေးလွတ်ရာသို့ ပြောင်းရွှေ့

Sodium cyanide confirmed at China blast site as new explosions heard


ပေကျင်း ၊ ၁၆-၈-၂၀၁၅

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ရှိ ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် ထျန်းကျင်း စက်မှုဇုန် အတွင်း သြဂုတ် ၁၅ ရက် အစောပိုင်းက ပေါက်ကွဲမှု ထပ်မံ ဖြစ်ပွားပြီး ဆိုဒီယမ် ဆိုင်ယာနိုက် များ တွေ့ရှိခဲ့ခြင်း ကြောင့် ဒေသခံပြည်သူ များကို တာဝန်ရှိ သူများက ဘေးလွတ်ရာသို့ ရွှေ့ပြောင်း ပေးခဲ့ကြောင်း သိရသည်။

တာဝန်ရှိသူ များသည် လူ ၁ဝ၄ ဦး သေဆုံးခဲ့သော အဆိုပါ ပေါက်ကွဲမှုများနှင့် စပ်လျဉ်း၍ စုံစမ်း စစ်ဆေးမှုများ လုပ်ဆောင်နေစဉ် ဆိုဒီယမ် ဆိုင်ယာနိုက် များကို တွေ့ရှိခဲ့ပြီး ပေါက်ကွဲ မှု ဖြစ်ပွားရာ နေရာတွင်လည်း ထပ်မံ ပေါက် ကွဲခြင်းကြောင့် ဒေသ တွင်းရှိ ပြည်သူများကို ရွှေ့ပြောင်း ပေးခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် ပေါက်ကွဲမှု ဖြစ်ပွားသည့် နေရာအနီး တွင်လည်း ဆိုဒီယမ် ဆိုင်ယာနိုက်များ ပျံ့နှံ့နေကြောင်း တွေ့ရှိခဲ့သည်ဟု သိရသည်။ မူလ ဖြစ်ပွားသည့် ပေါက်ကွဲမှုကြီးမှာ နိုင်ငံ အရှေ့မြောက်ပိုင်း ထျန်းကျင်း ဆိပ်ကမ်းမြို့ ရှိ စက်မှုဇုန် အတွင်း သြဂုတ် ၁၃ ရက်က ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ယင်း ပေါက်ကွဲမှုအတွင်း သေဆုံးသူ ဦးရေမှာ သြဂုတ် ၁၅ ရက် ထုတ်ပြန်ချက် များအရ ၁ဝ၄ ဦးအထိ မြင့်တက်လာပြီ ဖြစ်ကြောင်း သိရသည်။

ဆိုဒီယမ် ဆိုင်ယာနိုက် သည် အဖြူရောင် ပုံဆောင်ခဲများ သို့မဟုတ် သေးငယ်သည့် အမှုန့်များ ဖြစ်ပြီး ယင်းတို့အား ရှူရှိုက်မိ ပါက အသက်ရှူ ကျပ်ကာ သေဆုံးနိုင်ကြောင်း အာဏာပိုင် များက ပြောကြားသည်။ သို့သော် အဆိုပါ ဓာတ်ပစ္စည်းများ တွေ့ရှိမှုနှင့် စပ်လျဉ်း၍ တာဝန်ရှိ သူများက အသေးစိတ် ထုတ်ပြန်ခြင်း မရှိကြောင်း သိရသည်။

Death toll from China blasts rises to 104, Xi urges changes

#PyiChitThar

No comments:

Post a Comment