Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, August 10, 2015

ကြံ့ ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီ၏တနင်္သာရီတိုင်း၊ဘုတ်ပြင်းမြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ်လောင်း ဗိုလ်မှူးချုပ်ချစ်သန်း(ငြိမ်း)

(ဓာတ်ပုံ - ကြံ့ ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီ၏ တနင်္သာရီတိုင်း၊ဘုတ်ပြင်းမြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ်လောင်း ဗိုလ်မှူးချုပ်ချစ်သန်း(ငြိမ်း)။)

ဦးနေ၀င်းနဲ့ ဦးသန်းရွှေတို့ မြန်မာပြည်ရဲ့ အာဏာကို စားခွက်လုကြတာ မှတ်မိသေးရဲ့လားဗျာ။ နောက်ဆုံး စားခွက်လုနိုင်သူက ဦးသန်းရွှေကြီးကိုး။ ဒီတော့ စားခွက်လုရာမှာ ရှုံးသူ ဦးနေ၀င်းကတော့ အလောင်းတောင် ဘယ်နားရောက်မှန်းမသိဘူးဖြစ်သွားရတယ်။ ဦးနေ၀င်းက စားခွက်လုတာမှာ ရှုံးတော့ သူရဲ့စားခွက်စောင့်လေးတွေလည်း ထောင်ထဲရောက်သူရောက်၊ ပြုတ်သူပြုတ် ဖြစ်တာပေါ့ဗျာ။ အဲ့လို ပြုတ်တဲ့ စားခွက်စောင့်လေးတွေထဲမှာ တိုင်းမှူးတွေ၊ တပ်မမှူးတွေလည်း ပါသခဲ့သဗျာ။
အင်း ..... လာမဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာတော့ ဦးနေ၀င်းရဲ့ စားခွက်စောင့်၊ တိုင်းမှူးပြုတ်တစ်ယောက်ကတော့ ဖွတ်ပါတီကနေ အရွေးခံမယ်လို့ သိရပါတယ်။ အရွေးခံမဲ့ မဲဆန္ဒနယ်ကတော့ တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်ရဲ့ ပြည်သူ့လွှတ်တော်အမတ်အဖြစ်နဲ့ အရွေးချယ်ခံပါမယ်တဲ့။ သူကတော့ စစ်တက္ကသိုလ်အပတ်စဉ်(၁၅)ဆင်း၊ ကြည်း ၁၂၆၂၈၊ ဗိုလ်မှူးချုပ်ချစ်သန်းပဲဖြစ်ပါတယ်။ ဦးနေ၀င်းအမှုတွဲမှာ တြိဂံဒေသတိုင်းမှူးကနေ ပြုတ်သွားတာပေါ့ဗျာ။ သူကတော့ ဘုတ်ပြင်းအခြေစိုက် အမှတ်(၁၃) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှာ တပ်မမှူး(ဌာနချုပ်မှူး) အဖြစ် ၉-၈-၂၀၀၀ ကနေ ၁၇-၁၂-၂၀၀၁ အထိ တစ်နှစ်ကျော်ကျော်ကြီးလုပ်ခဲ့ဖူးတာမို့ ဘုတ်ပြင်းက ပြည်သူတွေက သူ့ကို ချစ်မြတ်နိုးမယ်ထင်ပီး ဖွတ်ပါတီကနေ အမတ်ဝင်လျှောက်ပါသတဲ့ဗျာ။
ဒီတော့ကား တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်ရဲ့ ပြည်သူ့လွှတ်တော်အမတ်နေရာမှာ ဦးနေ၀င်းရဲ့ ခြံစောင့်ကြီးကပဲ အမတ်ဖြစ်လာမလား၊ သို့မဟုတ်၊ တခြား တစ်ယောက်ပဲလားလို့ ၂၀၁၅ အလွန်ရွေးကောက်ပွဲမှာ စောင့်ကြည့်ရတာပဗျာ။
မေ့တော့မလို့ဗျာ။ ဘုတ်ပြင်း အမတ်လောင်းကြီးကို အကြံပြုချင်တာ(သို့) ဆဲချင်တာရှိရင်တော့ သူ့ ဖေ့ဘုတ်အကောင့်ကတော့ https://www.facebook.com/chit.than.54 ဖြစ်ပါတယ် ခင်ဗျ။ ပွင့်လင်းမြင်သာမှုရှိတဲ့ခေတ်မို့ ပွင့်ပွင့်လင်းလင်း ပြောပြရတာပါ။
Moe Zay Nyein
https://www.facebook.com/photo.php?fbid=10205838473694048&set=a.3927018726941.2148929.1023841997&type=1&theater

No comments:

Post a Comment