Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, August 1, 2015

ရသေ့တောင်- စေတီပြင်တွင် လူပေါင်း ၉၆၈ ယောက်အိုးမဲ့အိမ်မဲ့ဖြစ်၊ အထက်တန်းကျောင်းလည်းပျက်စီး

( ရခိုင်ပြည်နယ် အတွင်းရေကြီးနေစဉ်)
 ရန်ကုန်၊ သြဂတ်စ် ၁

 ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် မယူကမ်း စေတီပြင် နယ်မြေတွင် မိသားစု ၂၂၆ စု၊ လူဦးရေအားဖြင့် ၉၆၈ ယောက်မှာ မုန်တိုင်းနှင့် အတူ ရေတက်လာရာမှ အိမ်များပြိုလဲပျက်စီးခဲ့ရာမှ အိုးမဲ့အိမ်မဲ့ ဖြစ်သွားခဲ့ပြီး ဘုန်းတော်ကြီးကျောင်းတွင် ခိုလုံနေကြရသည်ဟု သိရသည်။

စေတီပြင်ရွာတွင် အိမ် ၉၈ လုံးပျက်စီးပြီး လူပေါင်း ၅၂၅ ယောက်မှာ အိုးမဲ့အိမ်မဲ့ ဖြစ်သွားပြီး အောက်ကျောင်းတောင်ကျေးရွာတွင် အိမ်ပေါင်း ၈၅ အိမ်ပျက်စီးကာ လူပေါင်း ၃၅၀ အိုးမဲ့အိမ်မဲ့ ဖြစ်သွားသည်ဟု သိရသည်။

စေတီပြင်ကျေးရွာအနီး ဒိုးဝေချောင်းရွာတွင် အိမ် ၄၃ လုံးပျက်စီးပြီး လူပေါင်း ၉၃ ဦး အိုးမဲ့အိမ်မဲ့ ဖြစ်သွားခဲ့သည်ဟု သိရသည်။

“ စုစုပေါင်းက အိမ်ထောင်စု ၂၂၆ စု၊ လူပေါင်း ၉၆၈ ယောက်က အခု ဘုန်းကြီးကျောင်းတွေမှာ ခိုလုံနေကြတယ်။ စားရေးသောက်ရေးကိုတော့ ရွာက ပရဟိတ အဖွဲ့က ရွာကစုဆောင်းကောက်ခံပြီး ကျွေးမွေးနေကြရပါတယ်” ဟု ရွာကျောင်းဆရာတော်က မိန့်ကြားသည်။

၎င်းပြင် စေတီပြင် အထက်တန်းကျောင်း အဆောင် ၅ ဆောင်၊ မူလွန်ကျောင်းဆောင် တို့မှာ လုံးဝ ပျက်စီးသွားပြီး တိုက်နယ်ဆေးရုံ၊ နယ်ခြားစောင့်တပ်ဖွဲ့ မိသားစု ၆ ဆောင်တွဲ၊ အရာရှိရိပ်သာ၊ လူပျိုရိပ်သာတို့မှာလည်း အပိုင်းလိုက် ပျက်စီးသွားခဲ့သည်ဟု ဆိုသည်။

ယင်းပြင် မေယူတောင်ခြေရင်းတွင် တည်ရှိသော သဇင်မြိုင်နှင့် ပိတောက်မြိုင် နတလ စံပြကျေးရွာများတွင်လည်း အနည်းဆုံး အိမ်ပေါင်း ၅၀ ခန့်ပျက်စီးသွားခဲ့ပြီး ကျွဲနွားများလည်း သေဆုံးသွားခဲ့ကြောင်း ကျေးရွာ အုပ်ချုပ်ရေးမှူးက နိရဉ္စရာသို့ ဖုန်းဖြင့် ဆက်သွယ် ပြောကြားသည်။

Arakan State
https://www.facebook.com/NarinjaraNews

No comments:

Post a Comment