Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, August 16, 2015

ပီကာဆို၏ ပျောက်ဆုံးနေသော ဒေါ်လာ ၁၅ သန်းတန် ပန်းချီကားကို ပြင်သစ်သို့ ပြန်လည်ပေးပို့

Picasso repatriation: US returns $20m painting The Hairdresser to French authorities

ဝါရှင်တန် ၊ ၁၄-၈-၂ဝ၁၅

ကမ္ဘာကျော် ပန်းချီ ပညာရှင် ပီကာဆို၏ ဒေါ်လာ ၁၅ သန်း တန်ဖိုးရှိ La Coiffeuse ပန်းချီကားကို ပြင်သစ်နိုင်ငံသို့ ပြန်လည် ပေးပို့ခဲ့ကြောင်း အမေရိကန် အာဏာပိုင် များက သြဂုတ် ၁၂ ရက်တွင် ပြောကြားသည်။

The Hairdesser ဟု အမည်ပေး ထားသော အဆိုပါ ပန်းချီကားသည် ပြင်သစ်နိုင်ငံ ၌ လွန်ခဲ့သော ၁၇ နှစ်အတွင်း ခိုးယူခံခဲ့ ရပြီးနောက် ၂ဝ၁၄ ခုနှစ် ခရစ္စမတ် ကာလတွင် အမေရိကန် ပြည်ထောင်စုသို့ ပေးပို့လိုက်သောပါဆယ်ထုပ်တစ်ခုအတွင်း ပြန်လည် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ပါဆယ်ထုပ်ကို ဘယ်လ်ဂျီယံ နိုင်ငံရှိ FedEx မှတစ်ဆင့် တစ်စုံတစ်ဦး က ပေးပို့ခဲ့ခြင်း ဖြစ်ပြီး အထုပ် အတွင်း၌ အမေရိကန် ဒေါ်လာ ၃၇ ဒေါ်လာ တန်ဖိုးရှိ လက်မှုပစ္စည်း များနှင့် ပန်းချီကား တစ်ချပ် ပါဝင်ကြောင်း ၄င်းက ပြောကြား ထားသည်။

အဆိုပါ ပန်းချီကားသည် ပြင်သစ်နိုင်ငံ ပိုင်ဖြစ်သည့် အတွက် ဝါရှင်တန်မြို့ရှိ ပြင်သစ်သံရုံး သို့ ပို့ဆောင် ပေးသွားမည် ဖြစ်ကြောင်း အမေရိကန် လူဝင်မှု ကြီးကြပ်ရေး နှင့် အကောက်ခွန် ဌာန ICE က ထုတ်ပြန် ထားသည်။

ထို့အပြင် ပီကာဆို၏ ယူရို ၂၅ သန်း တန်ဖိုးရှိ အခြား ပန်းချီကား တစ်ချပ်ကို Corsica ကျွန်းသို့ မောင်းနှင်လာသော ရွက်လှေ တစ်စင်းပေါ်တွင် အာဏာပိုင် များက တွေ့ရှိခဲ့ပြီးနောက် သြဂုတ် ၁၁ ရက်တွင် မက်ဒရစ်မြို့ရှိ ပြတိုက်သို့ ပေးပို့ခဲ့ကြောင်း သိရသည်။

#PyiChitThar

No comments:

Post a Comment