Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, August 27, 2015

နိုင်ငံရေးရုပ်သေးပွဲ မိုးလင်းခါနီးပြီးလား

  ရွေးကောက်ပွဲကျင်းပဖို့ ၂လကျော်လောက်သာ လိုတော့တဲ့ အချိန်မှာ အာဏာရပါတီကြီးဖြစ်တဲ့ ပြည်ခိုင်ဖြိုးပါတီဥက်္ကဋ္ဌသူရဦးရွှေမန်းကို ဥက်္ကဋ္ဌ နေရာက ဖယ်ရှားလိုက်တယ်ဆိုတာ ၁၃-၈-၁၅ နေ့မှာ တရားဝင်သတင်း တွေ ဖတ်ရတယ်။ သူရဦးရွှေမန်းကို ဖယ်ရှားလိုက်တဲ့အကြောင်းရင်းကို တိတိကျကျ မသိရပေမယ့် အဲဒီရက်မတိုင်ခင်က တပ်မတော်နဲ့ တပ်မတော် မိသားစုတွေက လက်မှတ်ထိုးပြီး သူရဦးရွှေမန်းကို လွှတ်တော်ကိုယ်စား လှယ်အဖြစ်က ဖယ်ရှားပေးဖို့ ရွေးကောက်ပွဲကော်မရှင်ကို စာတင်တယ်။ ဒါပေမယ့် ရွေးကောက်ပွဲကော်မရှင်က လွှတ်တော်ကိုယ်စားလှယ်တစ် ယောက်ကို ပြန်ခေါ်နိုင်ကြောင်း အခြေခံဥပဒေပုဒ်မ ၃၉၆ (က)မှာ ပြဋ္ဌာန်းထားသော်လည်း၊ ဥပဒေ၊ နည်းဥပဒေတွေမရှိလို့ မှတ်တမ်းတင် ရုံတင်ထားနိုင်တယ်လို့ ဆိုပါတယ်။ ပထမအဆင့် မအောင်မြင်ဘူးလို့ ပြောနိုင်တယ်။
အဲဒီနောက် အခု ၁၃-၈-၂၀၁၅ နေ့မှာတော့ ပြည်ခိုင်ဖြိုးပါတီဥက်္ကဋ္ဌ နေရာက ဖယ်ရှားလိုက်တယ်။ ၁၂ ရက်နေ့ပြည်ခိုင်ဖြိုးအစည်းအဝေး နေပြည်တော်မှာကျင်းပချိန် မီဒီယာတွေက သတင်းယူဖို့သွားတယ်။ ဘယ်သူ့ကိုမှ ၀င်ခွင့်မပြုဘူးလို့လဲဆိုတယ်။ ဒါနဲ့ သတင်းထောက်တွေက အစည်းအဝေးကို တစ်ညလုံးအပြင်ကစောင့်ကြည့်နေတော့ ကားကြီးတွေ ၀င်သွားတာ၊ ယူနီဖောင်းဝတ် လုံခြုံရေးတွေဝင်သွားတာ၊ ပြန်ထွက်လာတာ၊ ရှုတ်ယှက်ခက်နေတာတွေ့ရတယ်လို့ဆိုပါတယ်။ မနက်လင်းတော့ အဲဒီ သတင်းတွေအပြင် သူရဦးရွှေမန်းကို ဖယ်ရှားလိုက်တယ်ဆိုတာကြားရတော့ တာဖြစ်တယ်။

ပွတ်တိုက်မှုတွေ
နိုင်ငံရေးအကဲခတ်သူတွေက သူရဦးရွှေမန်းဟာြီူ ဥက်္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရင်းနှီးတာကိုအပေါ်ပိုင်းက မကြိုက်တာဖြစ် မယ်လို့ဆိုတယ်။ အမှန်တော့မဆိုနိုင်ပါဘူး။ သူ့ပါတီထဲမှာကိုပဲ အုပ်စုတွေ ကွဲနေတာလို့ ယူဆနိုင်တယ်။ အခုကိစ်္စတစ်ခုတည်းကို လေ့လာသုံးသပ်ရင် လုပ်ပုံကိုင်ပုံတွေက ပါတီတွင်းမှာ သြဇာကြီးလာမယ်ထင်ရင် နှိပ်ကွပ်တဲ့ အစဉ်အလာကြောင့်လို့ ပြောချင်တာပါ။ အဲဒီလိုနှိပ်ကွပ်တဲ့နေရာမှာလည်း သမ်္မတနဲ့ ကာချုပ်က တစ်ဘက်၊ ဦးရွှေမန်းနဲ့ သူ့ထောက်ခံသူတွေက တစ်ဘက်လို့ ယူဆနိုင်တယ်။ မဆလတတိယကြိမ်ပါတီညီလာခံအပြီးမှာ ဖြုတ်ထုတ်လုပ်သလိုပဲ၊ ဒါပေမယ့် သမ်္မတနဲ့ သူရဦးရွှေမန်းတို့က တပ်ထဲ မှာ အပြိုင်တက်လာတာပါ။ ဒီတော့တပ်ကို အခြေခံတဲ့ ပြည်ခိုင်ဖြိုးပါတီ မှာ ပါဝါက သူမသာ ကိုယ်မသာဖြစ်နေတယ်။ ဒါကြောင့် ကာချုပ်နဲ့ ပေါင်းပြီး ဦးရွှေမန်းကိုဖြိုတာလို့ ပြောချင်တယ်။ အဲဒီထဲမှာ ဦးဌေးဦးက လည်း ကျောထောက်နောက်ခံအုပ်စုနဲ့ ပူးပေါင်းသလား။ှအေုန့သိုနမ ကတော့ သိကြတဲ့အတိုင်းပါ။
ဒါတွေက ဘာကိုပြသလဲဆိုတော့ အာဏာပြဿနာသာဖြစ်တယ်။ သူရဦးရွှေမန်းကတော့ ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲအပြီးမှာ သူသမ်္မတ ဖြစ်လိမ့်မယ်လို့ တွက်ခဲ့ပုံရတယ်။ မဖြစ်ခဲ့ဘူး။ သမ်္မတဆိုတဲ့ရာထူးကို ဘယ်သူမဆို စိတ်ကူးယဉ်နိုင်တာဖြစ်တယ်။ နအဖလက်ထက်ဝန်ကြီးချုပ် က ၂၀၁၀ မှာ သမ်္မတဖြစ်သွားတော့ သူ့နိဗ်္ဗာန်ဘုံပျောက်ဆုံးသွားရော၊ နောက်ကကြိုးကိုင်နေတဲ့ ပုဂ်္ဂိုလ်ကြီးရှိနေသေးလို့ သူ့အစီအစဉ်အတိုင်း လုပ်ရတာဆိုပြီး တပ်ရဲ့ထုံးစံအရ အမိန့်နာခံရင်းနဲ့ ၂၀၁၅ ရွေးကောက်ပွဲ ကို စောင့်ခဲ့ရတာဖြစ်လိမ့်မယ်။စောင့်ရင်းအင်အားကို မွေးမြူရင်းအင်အား ကြီးလာတာထင်တယ်။

သမ်္မတဖြစ်ချင်
သူကသမ်္မတဖြစ်ချင်တဲ့သူ၊ သမ်္မတခရေဇီလို့ ပြောရင်ရတယ်။ ဒါပေ မယ့်သူက ဟိုပုဂ်္ဂိုလ်ကြီးလို ပိပိယိယိအသံတိတ်မနေဘူး။ သမ်္မတဖြစ်ချင် တယ်ပြော၊ ၄၃၆ ကို ပြင်ချင်တယ်ပြောလားပြောရဲ့၊ သူစိတ်ကူးတည့်ရာ ပြောတာပဲ။ အဲဒီစကားတွေထဲမှာ ၄၃၆ ပြင်ချင်တယ်ဆိုတဲ့ အပြောက သူဟာ ပြည်သူတွေနဲ့ တစ်လေသံတည်းထွက်လာတယ်။ တပ်မတော်ကို ပြည်သူတွေနဲ့ နှစ်ပေါင်းများစွာ ခွဲခြားထားတဲ့ တံတိုင်းကိုဖြိုဖျက်တယ်။ အန်္တရာယ်ရှိတဲ့သူလို့ ထိပ်ပိုင်းလူတွေမြင်လာတာက ပြဿနာဖြစ်တာပါပဲ။ သူရဦးရွှေမန်းသာ သမ်္မတဖြစ်ရင် သူတို့ရဲ့လေထဲမှာ ဆောက်ထားတဲ့ စိန်နန်းတော်ကြီး သားစဉ်မြေးဆက်မခံစားရဘဲ တစ်ခါတည်းပြိုလဲသွားမှာဖြစ်မယ်လို့ စိုးရိမ်လာတယ်။
အဲဒီတော့အန်္တရာယ်ပုဂ်္ဂိုလ်လို့ သတ်မှတ်ပြီး လက်ဦးမှုရအောင်အရင် ဖြိုလိုက်တာဖြစ်မယ်။ ဒီနေရာမှာအရင် စစ်အာဏာရှင်ခေတ်က လုပ်နည်း လုပ်ဟန်အတိုင်း လုပ်လိုက်တော့ ပြည်သူတွေကြား ပွက်လောရိုက်သွားတာ ပါ။ သူတို့ပါတီတွင်း အာဏာလုပွဲမျှသာဖြစ်လို့ ပြည်သူတွေစိုးရိမ်စရာ မရှိဘူး။ (ှသ ခေူ) ဒီမိုကရေစီခေတ်မှာ ဒီအပြုအမူဟာ တော်တော်ရုပ် ဆိုးတာဖြစ်တယ်။ ဘာမှလုံခြုံရေးတွေ ဘာတွေနဲ့လုပ်စရာမလိုလောက်ဘူး။ ဒါပေမယ့် ဒါဟာအကြောက်အကန်လုပ်ခဲ့ရတဲ့ ပုံပေါ်တယ်။ မဆလခေတ် ကတော့ တစ်ပါတီအာဏာရှင်ခေတ်ဆိုတော့ ပြည်သူတွေအပေါ်သက်ရောက် မှုရှိတယ်။ ရှိတာကလည်း တီးတိုးတီးတိုးသဖန်းပိုးမျှပါ။ ခေါင်းကိုင်က မပြောင်းဘူးမဟုတ်လား။

နောက်ဆက်တွဲက
သူရဦးရွှေမန်းကို ပါတီဥက်္ကဋ္ဌဖယ်ရှားလိုက်ပေမယ့် လွှတ်တော်ဥက်္ကဋ္ဌ နေရာက ဖယ်လို့မရသေးဘူး။ သူ့ကျွိုနခေူ လုပ်ဖို့တင်တာ ဥပဒေမရှိ တော့ အရာမရောက်ဘူး။ ဒါကြောင့် လွှတ်တော်ပြန်စချိန်မှာ ကိုယ်စားလှယ် အဖြစ်က ရုပ်သိမ်းနိုင်မယ့် ဥပဒေကို ပြဋ္ဌာန်းအတည်ပြုပေးဖို့ ရွေးကောက် ပွဲကော်မရှင်ဥက်္ကဋ္ဌက တောင်းဆိုတယ်။ ဒီမှာလည်း ကော်မရှင်ဥက်္ကဋ္ဌက သမ်္မတဦးသိန်းစိန်နဲ့ အရင်းနှီးဆုံးဆိုတာရှိနေပြန်တယ်။ သမ်္မတဦးသိန်းစိန်၊ ကာချုပ်၊ ကော်မရှင်ဥက်္ကဋ္ဌနဲ့ ပြည်ခိုင်ဖြိုးဒုဥက်္ကဋ္ဌတို့က တစ်ဘက်၊ သူရဦးရွှေမန်းက တစ်ဘက်ဖြစ်နေပုံရတယ်။ ဟိုတုန်းက စကားတစ်ခွန်း နဲ့ ပြောရရင် ဒီပွဲကြည့်မကောင်းဘူး၊ လက်မညီဘူး။
နောက်ဆက်တွဲ သမ်္မတဦးသိန်းစိန်က ပြည်ခိုင်ဖြိုးပါတီဝင်တွေနဲ့ ၁၇-၈-၂၀၁၅ နေ့မှာတွေ့ဆုံတယ် ဦးရွှေမန်းရဲ့ ဥက်္ကဋ္ဌနေရာနဲ့ ပတ်သက်လို့ ရှင်းပြတယ်ဆိုတာ သိရပြန်တယ်။ ဒါကိုကြည့်ရင် သူတို့ သုံးဦးသုံးဖလှယ် အုပ်စု ဃူငဆကန ဆိုတာ ထင်ရှားလာပြီမဟုတ်လား။

အရပ်ဝတ်သွားရင်
ဒီကိစ်္စနဲ့ပတ်သက်ပြီး ပြည်သူတွေသို့လော၊ သို့လော စဉ်းစားနေကြတယ်။ ရွေးကောက်ပွဲကို ထိခိုက်သွားမလားဆိုတာမျိုးပေါ့။ ပါတီတွင်းပြဿနာ ဆိုပေမယ့် ပါတီကအာဏာရပါတီဖြစ်နေတာ ထည့်တွက်ရမယ်။ နောက် တစ်ခုက ရှေ့ပိုင်းမှာ ပြောခဲ့သလို အစပြုတာက တပ်မတော်နဲ့ မိသားစု။ တပ်မတော်ဆိုတာ အထက်က အမိန့်ကိုအောက်က နာခံရတာ။ အထက် ကမီးစိမ်းပြလို့သာ တပ်နဲ့မိသားစုတွေက ဦးရွှေမန်းကို ပြန်ခေါ်ဖို့တင်နိုင် တာ။ တပ်ကဦးရွှေမန်းကို ဆန့်ကျင်တယ်ဆိုတာ ပေါ်လွင်တယ်။ တပ်က လည်း အားလုံးရဲ့ အပေါ်စီးမှာရှိနေတုန်းပဲဆိုတော့ တပ်မပါရင် သူတို့က ဘာမှမလုပ်နိုင်တာ လုပ်လို့ရတာမဟုတ်ဘူး။ ယူနီဖောင်းချွတ်ပြီးသွားရင် တပ်မှာလည်း အဲဒီလူတွေကို ဘာမှဂရုမစိုက်တော့တာလည်း (ထိပ်ဆုံး ပုဂ်္ဂိုလ်ကလွဲ) ပါမှာ သေချာသလောက်ပါ။
သင်းကွဲငှက်တစ်ကောင်ဖြစ်တဲ့ သူရဦးရွှေမန်းက လောလောဆယ် မှာ လွှတ်တော်ဥက်္ကဋ္ဌဖြစ်နေသေးတယ်။ ဒီရာထူးကနေဖယ်ရှားဖို့လည်း လုပ်နေပြီဆိုတော့ စောင့်ကြည့်ရဦးမှာပါ။ ရွေးကောက်ပွဲကိုတော့ ထိခိုက် စရာမရှိဘူး။ ကော်မရှင်၊ ကာချုပ်၊ သမ်္မတတို့ သုံးဦးရှိနေလို့ဖြစ်တယ်။ သူတို့က ဘက်တစ်ဘက်တည်းပါ။

အခြေခံဥပဒေ
အင်အားကြီးတဲ့ ဆိုချင်တာက အပေါ်စီးကရထားတဲ့ ဒါလည်းအခြေ ခံဥပဒေကပေးထားတဲ့ အခွင့်အရေးရတဲ့တပ်က သူ့ကိုအခွင့်အရေးပေး တဲ့အခြေခံဥပဒေကို ကာကွယ်မယ်ဆိုတာ တစိုက်မတ်မတ်ပြောလာခဲ့ တော့ ရွေးကောက်ပွဲကို ကြားဝင်ဟန့်တားစေမယ့် အလုပ်မျိုးမလုပ်ဘူး လို့ ယူဆဆယ်။ ပြီးတော့လည်း အခုအခြေအနေက ပြည်သူတွေရဲ့ ပြဿနာမဟုတ်ဘူး။ ဆူဆူပူပူဖြစ်ပြီး အရေးပေါ်အခြေအနေမျိုးမရှိဘူး။ ပါတီတွေအများအပြားရှိတဲ့အထဲမှာ တစ်ပါတီကွက်ကွက်လေးအတွင်း ပေါ်ပေါက်ခဲ့တာ အာဏာလုမှုသာဖြစ်တယ်။ ပြည်သူတွေစားဝတ်နေမှု လုံခြုံရေးတွေ ပျက်ယွင်းပြီး အရေးပေါ်အခြေအနေကြေညာရတာမျိုးလုံး ၀မဟုတ်လို့ ရွေးကောက်ပွဲကိုတော့ ထိခိုက်မှာမဟုတ်ပေမယ့် ကိုယ်စား လှယ်လောင်း (ပြည်ခိုင်ဖြိုး)တွေအနေနဲ့တော့ ကန့်ကွက်တာတို့၊ နုတ် ထွက်တာတို့ ရှိကောင်းရှိနိုင်မှာဖြစ်တယ်။ ဒါလဲ ပြည်သူတွေရဲ့ ကိစ်္စမဟုတ် ပါဘူး။
ဘောင်ဘင်ခတ်ပြီး ဂယက်ထနေတာက ပြည်ခိုင်ဖြိုးရေကန်ကြီး အတွင်းမှာသာ ဖြစ်တယ်။ ဘေးမှာရှိနေတဲ့ ပြည်သူတွေရဲ့အခြေအနေက တော့ အဲဒီလှုပ်ခတ်လှိုင်းထနေတဲ့ ရေကန်ကိုတည်တည်ငြိမ်ငြိမ်နဲ့ စောင့် ကြည့်နေကြတဲ့ အနေအထားပါ။

ရှေ့ဆက်ရမယ့်ခရီး
ဦးရွှေမန်းရဲ့ နိဂုံးပိုင်း (နိုင်ငံရေး)ကို မရောက်သေးပါဘူး။ ရှေ့မှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကို ပြန်ရုပ်သိမ်းခွင့် ဥဒေပေါ်ထွက်လာ ဖို့နဲ့ လုပ်ထုံးလုပ်နည်းတွေ ရေးဆွဲနိုင်ဖို့ဆိုတဲ့ အဆင့်တွေရှိသေးတယ်။ တစ်ရာခိုင်နှုန်းက တင်လိုက်တာကို လက်ခံ၊ စစ်ဆေး၊ ချေပခွင့်ပေးဆို တာတွေရော၊ မဲပေးလိုက်တဲ့ မဲဆန်္ဒနယ်က ပြည်သူတွေစွပ်စွဲတဲ့အချက် တွေမှန်ကန်ပြီး လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဆက်လက်ထမ်းဆောင် ဖို့ မသင့်ဘူးထင်ရင် ဥပဒေနဲ့အညီဆောင်ရမည်လို့ ပုဒ်မ ၃၉၆ (ခ) မှာ ဖော်ပြထားပြီး ၃၉၇မှာ ကော်မရှင်ကလိုအပ်တဲ့ ဥပဒေတွေပြဌာန်းရမယ် လို့ အာဏာပေးထားတော့ ကြာချင်ကြာနိုင်သေးတယ်။
ဒီအဆင့်တွေပြီးမှ ဦးရွှေမန်းနဲ့ သူ့အရင်က ပြည်သူတွေ တောင်းဆို ထားတဲ့ သူတွေရဲ့ လွှတ်တော်ကိုယ်စားလှယ်အဖြစ်က ရုပ်သိမ်းရေး ဆောင်ရွက်နိုင်မှာဖြစ်တယ်။ လတ်တလောဖုတ်ပူမီးတိုက်ဖြစ်တဲ့ ကိစ်္စမို့ လွှတ်တော်က ချက်ခြင်းဆွေးနွေးဆုံးဖြတ်မလား မသိနိုင်ဘူး။ လွှတ်တော် ကလည်း ရက်တိုတိုပဲ ကျင်းပမယ်ဆိုပါတယ်။ လုပ်ရင်တော့အချိန်တို အတွင်းပြီးမယ်။ ဥပမာ လွှတ်တော်အမတ်တွေလစာတိုးရေးလိုဟာမျိုး၊ မလုပ်ချင်ရင်တော့ ကြာမယ်။ ဥပမာပညာရေးဥပဒေပြင်ဆင်ရေးလိုဟာ မျိုး။ ဒါကြောင့်ဘယ်လိုနည်းနဲ့ သူရဦးရွှေမန်းရဲ့ နိုင်ငံရေးဘ၀ဘယ်လို နိဂုံးချုပ်မလဲဆိုတာ စောင့်ကြည့်ကြရမှာပဗျာ။

ကိုသင်း (ပန်းဆိုင်း)
Reporter News Journal
https://www.facebook.com/REPORTER.JOURNAL

No comments:

Post a Comment