Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, August 20, 2015

လေထု ညစ်ညမ်းမှုကြောင့် တရုတ်နိုင်ငံတွင် တစ်ရက်လျှင် သေဆုံးသူဦးရေ ၄၀၀၀ ရှိ


ပေကျင်း ၊ ၂၀-၈-၂၀၁၅

လေထု ညစ်ညမ်းမှု ကြီးက တရုတ်လူမျိုး များကို သေချိန်မတန် သေးဘဲ တစ်ရက်လျှင် တရုတ်လူမျိုး ဦးရေ ၄ဝဝဝ ခန့် သေဆုံး နေကြောင်း မကြာသေးမီ က ကောက်ယူ ခဲ့သော စစ်တမ်းအရ သိရကြောင်း အေပီသတင်း တွင် ဖော်ပြထားသည်။

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယား တက္ကသိုလ်မှ ရူပဗေဒ ပညာရှင်များက လေထု ညစ်ညမ်းမှုကြောင့် နှလုံးနှင့် အဆုတ်ရောဂါ များရရှိပြီး တစ်နှစ်လျှင် တရုတ်လူမျိုး ၁ ဒသမ ၆ သန်းတို့ အသက်ဆုံးရှုံး နေရကြောင်း တွက်ချက်ပြ လိုက်ခြင်း ဖြစ်သည်။

ယခင်ကာလ များက ထွက်ပေါ်ခဲ့သော စစ်တမ်းများတွင် လေထု ညစ်ညမ်းမှု ကြောင့် နှစ်စဉ် တရုတ်လူမျိုး တစ်သန်းမှ နှစ်သန်း သေဆုံးကြောင်း တွေ့ရှိခဲ့သော ကိန်းဂဏန်း များမှာ အဖြစ်မှန်နှင့် အလွန် နီးကပ်သော အရေအတွက် ဖြစ်ကြောင်း သိရသည်။

အဆိုပါ စစ်တမ်းကို သြဂုတ် ၁၃ ရက်က ထုတ်ပြန်ခဲ့ခြင်း ဖြစ်ပြီး ကျောက်မီးသွေးဖြင့် လျှပ်စစ်ဓာတ်အား ထုတ်ယူ နေခြင်းနှင့် အိပ်ခန်းများ အတွင်း အနွေးဓာတ် ပေးပို့နေခြင်း တို့ကို ပြစ်တင် ထားရှိသည်။

စစ်တမ်းကို ကြီးမှူး ကောက်ယူခဲ့သူ ရောဘတ်ရိုဒီ က တရုတ်လူမျိုး ၃၈ ရာခိုင်နှုန်းသည် ကာလ ရှည်ကြာ ကတည်းက လေထု ညစ်ညမ်းသော ဒေသများတွင် နေထိုင်လျက် ရှိကြောင်း ရှင်းပြသည်။ ပေကျင်း မြို့တော်၏ အနောက် တောင်ဘက်ရှိ ဒေသများသည် လေထု အညစ်ညမ်းဆုံး ဖြစ်နေပြီး နိုင်ငံ အရှေ့ပိုင်း ဒေသကြီး၏ တစ်ဝက် ကျော်ကျော်တွင် လေထုတွင်း အမှုန်အမွှား ပါဝင်မှုသည် ပျမ်းမျှ ပါဝင်မှုနှုန်းထက် ပါဝင်နေကြောင်း စစ်ဆေး တွေ့ရှိ ကြသည်။

အမေရိကန် နိုင်ငံ၏ လေထု သည်လည်း သန့်ရှင်းသည်ဟု မပြောနိုင် သော်လည်း တရုတ်နိုင်ငံမှ လေထု ညစ်ညမ်းမှုက အလွန် ဆိုးရွားနေသော အနေအထား ဖြစ်နေသည်။ ၂ဝ၁ဝ ပြည့်နှစ် စာရင်းများ အရ အမေရိကန် နိုင်ငံတွင် လူပေါင်း ၆၃ဝဝဝ မှ ၈၈ဝဝဝ ထိ အမေရိကန် လူမျိုးများ လေထု ညစ်ညမ်းမှုကြောင့် အသက်ဆုံးရှုံး ခဲ့ရကြောင်း ပြည်ထောင်စု ကျန်းမာရေး အဖွဲ့၏ စာရင်းဇယား ထုတ်ပြန်ချက် များအရ သိရသည်။

PyiChitThar
http://www.pyichitthar.com

No comments:

Post a Comment