Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, August 10, 2015

ငိုရင်ပုလဲမဟုတ်ဘဲ သလင်းကျောက်တွေ ဖြစ်နေလို့ ဒုက္ခတွေ့နေတဲ့ အမျိုးသမီး




 ငိုရင်ပုလဲမဟုတ်ဘဲ သလင်းကျောက်တွေ ဖြစ်နေလို့ ဒုက္ခတွေ့နေတဲ့  အမျိုးသမီး

တကယ်ဟုတ်၊ မဟုတ် သေချာမပြောနိုင်ပေမယ့် ငိုရင် ပုလဲ၊ ရယ်ရင် ရွှဲဆိုတဲ့ ပုံပြင်လေးကို အတော်များများ ကြားဖူးကြပါလိမ့်မယ်။ ဘရာဇီးနိုင်ငံက လော်ရာပွန့်ဆိုတဲ့ အမျိုးသမီးကတော့ သူ ငိုရင် ပုလဲတွေ မထွက်လာပဲ သလင်းကျောက်တွေပဲ ထွက်လာတာမို့ နာကျင်တဲ့ ဝေဒနာကို နေ့စဉ်လိုလို ခံစားနေရတယ်လို့ သိရပါတယ်။ 
ပွန့်ဟာ ဒီပြဿနာကို အသက် ၁၅ နှစ်အရွယ်ကတည်းက ခံစားခဲ့ရတာဖြစ်ပြီး သူမ မျက်လုံးထဲမှာ ပြည့်သိပ်လာတဲ့ သလင်းကျောက်တွေကို ဖယ်ထုတ်ဖို့ သူ့အမေကို အထိတ်တလန့် အော်ခေါ်ခဲ့ရပါတယ်။ ခုချိန်မှာ ပွန့်ဟာ အသက် ၃၅ နှစ်အရွယ်ကို ရောက်လာပြီဖြစ်ပေမယ့် သူမရဲ့ရောဂါကို အဖြေရှာကုသပေးနိုင်မယ့် ဆရာဝန်ကို ရှာမတွေ့သေးဘူးလို့ သိရပါတယ်။ ခုဆိုရင် သူမဟာ တစ်နေ့ကို မျက်လုံးထဲက သလင်းကျောက် အလုံး ၃၀ လောက်ကို ဖယ်ရှားဖို့ ကြိုးစားနေရပြီး ဆရာဝန်တွေကိုလည်း တစ်ယောက်ပြီး တစ်ယောက် ပြောင်းလဲပြီး ကုသနေပါတယ်။ ပွန့်က သူမအနေနဲ့ ဒီရောဂါကြောင့် အရင်လုပ်ကိုင်ခဲ့တဲ့ နေ့ကလေးထိန်းဆရာမအလုပ်ကိုလည်း စွန့်လွှတ်ခဲ့ရပြီလို့ စိတ်ပျက်လက်ပျက် ဖွင့်ဟခဲ့ပါတယ်။ သူမရဲ့ မျက်စိရောဂါကို ကုသပေးနေတဲ့ ဆရာဝန်က တော့ ဒီလိုဖြစ်ရပ်မျိုးကို သူ့ရဲ့၂၅ နှစ်တာ ဆရာဝန်သက်တမ်းအတွင်း လုံးဝမကြုံဖူးကြောင်း၊ မျက်စိထဲမှာ သလင်းကျောက်တွေ ဖြစ်လာတာဟာ ဓာတုဗေဒဆိုင်ရာကိစ္စ ဖြစ်မယ်လို့ ထင်တဲ့အကြောင်း မှတ်ချက်ပေး ထားပါတယ်။ ပွန့်ရဲ့မျက်စိရောဂါအကြောင်းကို TLC ရဲ့ Body Bizarre အခန်းဆက်စီးရီးအစီအစဉ်မှာ မကြာခင် ထုတ်လွှင့်သွားဖို့လည်း ရှိနေပါတယ်။

Ref – Dailymail
http://www.planet.com.mm/detail/28410/World

No comments:

Post a Comment