Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, August 6, 2015

ငါးခွေမြောက် တစ်ကိုယ်တော် အယ်လ်ဘမ် ပြည်သူ့အချစ်တော်အခွေက ရတဲ့အကျိုးအမြတ်တွေကို ရေဘေးသင့်ပြည်သူတွေအတွက် လှူဒါန်းသွားမယ့် ဟဲလေး


အဆိုတော်ဟဲလေးဟာ မင်းမသိတဲ့အချစ်၊ အချစ်ပျောက်သွားသူ၊ Old Service နဲ့ ဒယ်ဒီ ဟဲလေးအပြင် လက်ရှိမှာ နောက်ထပ် ၅ခွေမြောက် အယ်လ်ဘမ်အနေနဲ့ပြည်သူအချစ်တော် အယ်လ်ဘမ်ကို သြဂုတ် ၉ရက်နေ့မှာ စတင်ဖြန့်ချိရောင်းချမှာဖြစ်ပြီး ရရှိတဲ့ အကျိုးအမြတ်များကိုလဲ ရေဘေးဒုက္ခသည်တွေကို လှူမယ်လို့သိရတာကြောင့် ဟဲလေးနဲ့တွေ့ဆိုက်ခိုက်  သိချင်တာလေးတွေ မေးကြည့်တဲ့အခါ
"ကျွန်တော့်ရဲ့ အနုပညာသက်တမ်း ၁၅ နှစ်မှာ ပြည်သူတွေ ချစ်တာ ခံခဲ့ရလို့ ပြည်သူ့အချစ်တော်လို့ခေါင်းစဉ်လေး ပေးထားတာပါ။ ဒီအခွေလေးက ငါးခွေမြောက်ပေါ့။ ကျွန်တော် ဒီအခွေလေးကို ဒီလမှာထွက်ဖို့ အတွက်စိုးရိမ်မိတယ်။ အခုလောလောဆယ် မြန်မာနိုင်ငံမှာလဲ ရေဘေးဒုက္ခတွေဖြစ်နေတော့ အခွေထွက်ဖို့အဆင်ပြေပါ့မလား စဉ်းစားမိတယ်။ ဒါပေမဲ့နောက်တော့ ရေဘေးသင့်ပြည်သူတွေကိုလဲ လှူချင်တာနဲ့ဒီအခွေကရောင်းရမဲ့ အကျိုးအမြတ်အားလုံးကို လှူမယ်ပေါ့။ ရောင်းရငွေနည်းခဲ့ရင်တောင် ကိုယ်ပိုင်အိတ်စိုက် လှူမှာပါ။ အခွေပရိုမိုးရှင်းပွဲကိုတော့ သြဂုတ် ၉ရက်နေ့ ညနေသုံးနာရီ လှည်းတန်းစိန်ဂေဟာမှာပြုလုပ်သွားပါမယ်။ ကျွန်တော့်ကိုအားပေးချင်တဲ့ ပရိသတ်တွေရော၊ ကျွန်တော့်အလှူမှာပါဝင်ကူညီချင်တဲ့ပရိသတ်တွေပါ အားလုံးလာရောက်အားပေးလို့ရပါတယ်။
ရေဘေးနဲ့ပတ်သက်ပြီးတော့လည်း သူက "အခုလောလောဆယ်မှာ ကျွန်တော်ကိုယ်တိုင် အခွေထွက်ဖို့ကြိုးစားနေရတော့ ရုပ်ရှင်၊ ဂီတ၊ သဘင်၊ ရေဘေးကူညီမှုရန်ပုံငွေရှာဖွေ ကိစ္စတွေမှာ မပါဝင်ပေးနိုင်တဲ့အတွက် ကျွန်တော့ရဲ့ ဂီတသက်တမ်း ၁၅ နှစ်မြောက် အမှတ်တရလည်းဖြစ်အောင် ဒီအခွေကရမဲ့အကျိုးအမြတ်တွေအားလုံးကို လှူဖို့စိတ်ကူးဖြစ်တာပါ။ အခုလက်ရှိမှာ ကျွန်တော်တို့  နိုင်ငံမှာ ရေဘေးကနေရာတော်တော်များများမှာ ဖြစ်နေတဲ့အခါကျတော့ ဘယ်ကိုလှူရမှန်း မသိသေးပါဘူး။ အဲ့ဒါကြောင့် ဦးကိုကိုကြီးတို့နဲ့ရော၊ အခြားအဖွဲ့တွေနဲ့ပါ တိုင်ပင်နေပါတယ်။ အဓိကအရေးကြီးတဲ့နေရာတွေကို ကိုယ်တိုင်သွားလှူဖို့ရှိပါတယ်။"လို့ ပြောပြသွားပါတယ်။
ရေဘေးနဲ့ပတ်သက်ပြီးတော့လဲ သူ့ရဲ့စိတ်ခံစားချက်ကို "လက်ရှိမြန်မာနိုင်ငံတွင်းမှာက ဇူလိုင်လထဲက မိုးကအဆက်မပြတ်ရွာနေတယ်။ တိုင်းဒေသကြီး နဲ့ပြည်နယ် ၁၄ ခုမှာ ၁၁ ခုက ရေဘေးဒုက္ခနဲ့ရင်ဆိုင်နေရတယ်။ အဲ့ဒါကိုမြင်ရတော့ ကျွန်တော် တော်တော်လဲ စိတ်မကောင်းဘူး။ တတ်နိုင်သလောက်လေးလဲ ကူညီပေးချင်မိတယ်။ အခုလဲ ကယ်ဆယ်ရေးနဲ့ပြန်လည်ထူထောင်ရေးအတွက် ပြည်သူများသာမက ကျွန်တော်တို့အနုပညာလောကသားတွေ အားလုံးလဲ ကိုယ်ထူကိုယ်ထ အလှူခံပေးနေကြတယ်။ ရန်ပုံငွေပွဲတွေလဲ လုပ်ကြတယ်။ အဲ့ဒါကြောင့်ရေးဘေးဒုက္ခကို ကိုယ်တိုင်ကိုယ်ကျ ခံစားနေရတဲ့ ပြည်သူတွေအားလုံးလဲ စိတ်ဓာတ်မကျပါနဲ့။ စိတ်လဲ မလျှော့ကြပါနဲ့လို့။ အားတင်းထားကြပါ။ အားလုံးတတ်နိုင်သလောက် အကောင်းဆုံး ကူညီပေးနိုင်သလောက် အစွမ်းကုန်ကူညီသွားဖို့လဲ ရှိပါတယ်။ မြန်မာနိုင်ငံသူ၊ နိုင်ငံသား အချင်းချင်း ပစ်မထားပါဘူး"လို့ သူက ဆိုပါတယ်။

http://www.trend.com.mm/2015/08/06/music-7353

No comments:

Post a Comment