Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, August 21, 2015

ကမ္ဘာပေါ်ရှိ လူတိုင်းရေသန့် သုံးစွဲနိုင်ရန် ရေသန့်စင်စာအုပ် ကို အောင်မြင်စွာ တီထွင်

Each page from this 'Drinkable Book' can clean 25 gallons of water
 




လန်ဒန် ၊ ၁၉-၈-၂၀၁၅

သိပ္ပံပညာရှင် များသည် ရေဆိုး ရေညစ်များကို သောက်သုံးရေ ဖြစ်သည် အထိ သန့်စင် ပေးနိုင်သော စာအုပ်အား အောင်မြင်စွာ တီထွင် နိုင်ခဲ့ကြောင်း သိရသည်။ အဆိုပါ စာအုပ်ကို ရေသန့်စင်ရန် အထူး ပြုလုပ်ထားသော စာရွက်များဖြင့် ချုပ်လုပ် ထားခြင်း ဖြစ်ပြီး ၄င်း စာရွက်များတွင် ရေအတွင်းရှိ ဗက်တီးရီးယား များကို သေစေနိုင်သည့် ငွေ သို့မဟုတ် ကြေးနီမှ နာနို အမှုန်များ ထည့်သွင်း ထားခြင်း ဖြစ်သည်။

တောင်အာဖရိက၊ ဂါနာ နှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့ရှိ ရေဆိုးရေညစ် အရင်းအမြစ် ၂၅ ခုမှ ရေများကို အဆိုပါ စာအုပ် အသုံးပြု၍ သန့်စင် ခဲ့ရာ ရေအတွင်းရှိ ဗက်တီးရီးယား ၉၉ ရာခိုင်နှုန်း ကျော်ကို အောင်မြင်စွာ ဖယ်ရှား နိုင်သည့်အပြင် ထွက်ရှိလာသည့် ရေ၏ အရည်အသွေး သည် အမေရိကန်  နိုင်ငံတွင် ပေးဝေ ဖြန့်ဖြူး နေသည့် ရေသန့်နှင့် တူညီသည်ကို တွေ့ရသည်။

စာရွက်တွင် ပါရှိသည့် ငွေ သို့မဟုတ် ကြေးနီအမှုန် များသည် ရေတွင် ပျော်ဝင်သွား သော်လည်း ကျန်းမာရေး အတွက် စိတ်ချရသည့် ပမာဏမျှသာ ဖြစ်ကြောင်း သိပ္ပံ ပညာရှင် များက ပြောကြားသည်။

အဆိုပါ စာအုပ်ကို ကာနေး ဂီမဲလွန် တက္ကသိုလ်မှ ဒေါက်တာ တယ်ရီဒန် ကိုးဗစ်ခ်ျ က နှစ်ပေါင်း များစွာကြာ သုတေသနပြု လေ့လာ ခဲ့ပြီးနောက် အမေရိကန် နိုင်ငံ ဘော်စတွန်မြို့ တွင် ပြုလုပ်သည့် အမေရိကန် ဓာတု အဖွဲ့အစည်း၏ အကြိမ် (၂၅ဝ)ပြည့် တွေ့ဆုံပွဲတွင် ၄င်း၏ အောင်မြင်မှုကို ထုတ်ဖော် ကြေညာခဲ့ခြင်း ဖြစ်သည်။

ကမ္ဘာပေါ်ရှိ လူဦးရေ ၆၆၃ သန်းခန့်သည် ရေသန့် သုံးစွဲနိုင်ခြင်း မရှိသည်ကို တွေ့ရပြီး အဆိုပါ စာအုပ်များကို ဖွံ့ဖြိုးဆဲနိုင်ငံ များရှိ လူမှု အဖွဲ့အစည်း များသို့ ဖြန့်ဝေ ပေးသွား မည် ဖြစ်ကြောင်း၊ မြစ်များ၊ ချောင်းများ၊ ရေကန်များ နှင့် မည်သည့် နေရာမှ ရရှိသည့် ရေကို မဆို အဆိုပါ စာရွက်တစ်ရွက် အသုံးပြုရုံဖြင့် သန့်စင်သော ရေအဖြစ် ပြောင်းလဲ ပေးနိုင်ကြောင်း၊ ၄င်း စာရွက် တစ်ရွက်သည် ရေ ၁ဝဝ လီတာကို သန့်စင် ပေးနိုင်ကြောင်း နှင့် စာအုပ် တစ်အုပ်သည် လူတစ်ဦး အတွက် လေးနှစ်စာ ရေသန့်ကို ရရှိစေမည် ဖြစ်ကြောင်း ဒေါက်တာ ဒန်ကိုးဗစ်ခ်ျ က ပြောကြား ထားသည်။

#PyiChitThar

No comments:

Post a Comment