Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, August 10, 2015

ကော့စတာရီကာနိုင်ငံ၌ မိကျောင်းပါးစပ် အတွင်းမှ ကလေးငယ်ကို မိခင်ကယ်ဆယ်


 ဆန်ဟိုဆေး ၊ ၁ဝ-၈-၂ဝ၁၅

 ကော့စတာရီကာ နိုင်ငံ၌ မိကျောင်း၏ ပါးစပ်အတွင်းမှ အသက်ငါးနှစ် အရွယ် ကလေးငယ် တစ်ဦးကို မိခင်က ကယ်ဆယ် နိုင်ခဲ့ကြောင်း နိုင်ငံပိုင် သတင်းဌာန တစ်ခုက သြဂုတ် ၈ ရက်တွင် ထုတ်ပြန်သည်။

အန်နာဂူတီ အာရက်ဇ်နာ ဗာရို အမည်ရှိ အဆိုပါ ကလေးငယ်သည် လီမွန်ပြည်နယ် Tortuguero National Park အမျိုးသား ပန်းခြံအနီးရှိ ၄င်း၏ အိမ်အပြင်ဘက်၌ သြဂုတ် ၇ ရက် မွန်းလွဲပိုင်းက မိကျောင်း တစ်ကောင်၏ တိုက်ခိုက်ခြင်း ကို ခံခဲ့ရကြောင်း La Nacio သတင်းစာတွင် ဖော်ပြထားသည်။

အဆိုပါ ကလေးငယ်ကို မိကျောင်း တစ်ကောင်က နေအိမ်အနီးရှိ ပါရစ်မီနာ မြစ် အတွင်းသို့ ပါးစပ်ဖြင့် ကိုက်၍ တရွတ်တိုက် ဆွဲယူချိန်တွင် ၄င်း၏ အော်သံကို မိခင် တီရီဆာနာ မာရို က ကြားသည့်အခါ အိမ်အပြင်သို့ အမြန် ထွက်လာပြီး မိကျောင်းကို ပြန်လည် တိုက်ခိုက်ကာ သားဖြစ်သူကို မိကျောင်း၏ ပါးစပ်အတွင်းမှ ပြန်လည် ကယ်ဆယ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မိကျောင်း၏ တိုက်ခိုက်ခံ ရမှုကြောင့် အဆိုပါ ကလေးငယ်သည် လက်မောင်း၊ ခြေထောက်နှင့် ကျောကုန်း တို့တွင် ဒဏ်ရာ ရရှိခဲ့ပြီး မိခင်က Guacimo ဆေးရုံသို့ ပို့ဆောင်ပေး ခဲ့ကြောင်း သိရသည်။

ယခုအခါ ကလေးငယ်၏ ကျန်းမာရေး အခြေအနေသည် ပြန်လည် ကောင်းမွန်လာပြီ ဖြစ်ကြောင်း La Nacio သတင်းစာတွင် ဆက်လက် ဖော်ပြထားသည်။

PyiChitThar
http://www.pyichitthar.com

No comments:

Post a Comment