Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, August 10, 2015

အမဲလိုက်ကျည်ဆံ ထိမှန်ခဲ့ပေမယ့် ဘရာစီယာ ကယ်လို့ အသက်မသေခဲ့တဲ့ အမျိုးသမီး



အသက် ၄၂ နှစ်အရွယ် ဂျာမနီအမျိုးသမီးဟာ ဘာလင်မြို့ နဲ့ မဝေးတဲ့ Gadebusch မြို့ လေးနားမှာ ခင်ပွန်းနဲ့ အတူ စက်ဘီးစီးနေတုန်း အမဲလိုက်ကျည်ဆံ ထိမှန်ခဲ့တာပါ။အမည်မဖော်ပြထားတဲ့ လင်မယားဟာ Gadebush  မြို့ နားက သစ်တောကိုအဖြတ်မှာ တောဝက်တစ်ကောင်ကို လိုက်နေတဲ့ အမဲလိုက်သမားတွေရဲ့ လမ်းကြောင်းထဲကို မတော်တဆ ရောက်ရှိသွားခဲ့တာဖြစ်ပါတယ်။
“ ကျွန်မရဲ့ရင်ဘတ်က ရုတ်တရက်ဝေဒနာတစ်ခုခံစားလိုက်ရလို့ စမ်းကြည့်မိလိုက်တဲ့ အခါမှာ ကျွန်မ ဘရာစီယာက သတ္တုချောင်းက ကွေးသွားတာ တွေ့ လိုက်ရပါတယ်” လို့ အဆိုပါ အမျိုးသမီးက ပြောပြပါတယ်။သူမဟာ အမဲလိုက်ကျည်ဆံ လွင့်စဉ်ထိမှန်ခဲ့တာဖြစ်တယ်လို့ ရဲတွေက ယူဆထားပြီး သူမ၀တ်ဆင်ထားတဲ့ ပုံစံလှအောင်လို့ ပါးလွှာတဲ့သတ္တုချောင်းကို အောက်က ထည့်ချုပ်ထားတဲ့ ဘရာစီယာက သူမရဲ့အသက်ကို ကယ်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။ ခင်ပွန်းဖြစ်သူ ဟာ သူတို့ ပစ်ကွင်းထဲရောက်နေတုန်း အမဲလိုက်သမားတွေကို ရပ်တန့် ဖို့ အော်ပြောခဲ့ကြောင်း ပြန်ပြောပြခဲ့ပါတယ်။  
အဆိုပါ အမဲလိုက်သမားတွေဟာ ပေါ့ဆမှုကြောင့်တစ်ပါးသူဒဏ်ရာရစေမှုနဲ့ တရားစွဲ ခံရနိုင်ပါတယ်။ အမည်မဖော်ပြထားတဲ့ ဂျာမနီအမျိုးသမီးဟာ ရင်ဘတ်မှာ ပွန်းပဲ့ဒဏ်ရာအကြီးကြီး တစ်ခု ရခဲ့ပေမယ့် အသက်အန္တရာယ် မထိခိုက်ခဲ့ကြောင်း ဘီဘီစီ သတင်းတစ်ပုဒ်အရ သိရပါတယ်။ တောဝက်လိုက်ရာမှာ အသုံးပြုတဲ့ ၆.၅ မီလီမီတာ ကျည်ဆန်တွေဟာ အသံရဲ့မြန်နှုန်းထက် ပိုမြန်ပြီး အဝေးကပစ်မှတ်ကိုတောင် ထုတ်ချင်းဖောက် ပစ်ခတ်နိုင်ပါတယ်။  
Ref: bbc 
http://www.trend.com.mm/2015/08/10/news-7385

No comments:

Post a Comment