Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, August 11, 2015

အိန္ဒိယနိုင်ငံ အရှေ့ပိုင်း၌ ဘာသာရေး အဆောက်အအုံ တစ်ခုအတွင်း လူအုပ်ပိမှုကြောင့် လူ ၁၁ ဦးသေဆုံး


နယူးဒေလီ ၊ ၁၁-၈-၂၀၁၅

အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ဂျာခန့်ပြည်နယ် ဒိုဂါမြို့ရှိ ဘာသာရေး အဆောက်အအုံ တစ်ခုတွင် ယမန်နေ့ အစောပိုင်းက လူအုပ်ပိ ခြင်းကြောင့် ၁၁ ဦးသေဆုံးပြီး ၅ဝ ဦး ဒဏ်ရာရရှိ ကြောင်း သိရသည်။

လူအုပ်ပိခြင်း ခံရသူ များသည် ဟိန္ဒူ ဘာသာရေး ပွဲတော် အခမ်းအနားသို့ လာရောက်ခဲ့ခြင်း ဖြစ်ပြီး ဘာသာရေး အဆောက်အအုံ အတွင်းသို့ ဝင်ရောက်ရန် အလုအယက် ကြိုးပမ်းခဲ့ရာမှ လူသေဆုံးမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ဒေသတွင်း အာဏာပိုင် အဖွဲ့က ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံတွင် ကျင်းပသော ဘာသာရေး ပွဲတော်များ၌ အာဏာပိုင်များ၏ လုံခြုံရေး ဆိုင်ရာ စီမံခန့်ခွဲမှု အားနည်းခြင်း ကြောင့် လူသေဆုံးမှုများ မကြာခဏ ဖြစ်ပွားလေ့ ရှိသည်။

အလားတူ ၂ဝ၁၄ ခုနှစ် အောက်တိုဘာလ အတွင်းကလည်း မက်ဒယာပရာဒက်ရှ် ပြည်နယ်ရှိ တန်ဂါ ဘုရားကျောင်း၌ ဟိန္ဒူ ဘာသာရေး ပွဲတော်အတွင်း လူအုပ်ပိ ခြင်းကြောင့် လူ ၉၁ ဦး သေ ဆုံးခဲ့ပြီး ၄င်းတို့အနက် အမျိုးသမီးများ နှင့် ကလေးငယ် အများစု ပါဝင်ကြောင်း သိရသည်။

#PyiChitThar

No comments:

Post a Comment