Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, August 4, 2015

မြန်မာအစိုးရက နိုင်ငံတကာ အကူအညီ တောင်းခံ

လူ ၂ သိန်းကျော် ရေဘေး ဒုက္ခနဲ့ ကြုံတွေ့နေရ။ 
 မြန်မာ နိုင်ငံမှာ ဆိုးရွားလှတဲ့ ရေဘေးဒဏ်နဲ့ ကြုံတွေ့ နေကြရသူတွေ အတွက် အကူအညီတွေ ပေးကြဖို့ မြန်မာ အစိုးရက ပထမဆုံး အကြိမ် နိုင်ငံတကာကို မေတ္တာ ရပ်ခံလိုက်ပါတယ်။

ရေလွှမ်းမိုးမှုနဲ့ မြေပြိုမှု တို့ကြောင့် အတိဒုက္ခ ရောက်နေကြတဲ့ နိုင်ငံအနှံ့က လူ နှစ်သိန်းကျော် အတွက် နေရာထိုင်ခင်းနဲ့ စားစရာ အလုံအလောက် ပေးနိုင်ရေးမှာ မြန်မာ အစိုးရ အတွက် အခက်အခဲ ရှိနေတာ ဖြစ်ပါတယ်။

ရေဘေးအန္တရာယ် ကြိုတင် သတိပေးမှုနဲ့ ကယ်ဆယ်ရေးတွေ လုပ်ဆောင်တဲ့ အပိုင်းမှာ အစိုးရ ဘက်က အားနည်းချက်တွေ ရှိခဲ့တာကိုလည်း သမ္မတရဲ့ ပြောခွင့်ရသူ ပြန်ကြားရေး ဝန်ကြီး ဦးရဲထွဋ်က အစိုးရ သတင်း မီဒီယာတွေမှာ ဝန်ခံ ပြောဆိုခဲ့ပါတယ်။

ရေဘေးဒဏ် ဆိုးဆိုးရွားရွား ကြုံတွေ့ခဲ့တဲ့ မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းက ကလေးမြို့ပေါ်မှာ အခုတော့ ရေပြန်ကျသွားပြီ ဖြစ်ပေမယ့် ချင်းတွင်းနဲ့ ဧရာဝတီမြစ် ဆုံတဲ့ အောက်ပိုင်းက ရွာတွေမှာတော့ ရေတွေ မြုပ်နေဆဲ ဖြစ်ပါတယ်။

မြစ်ဝကျွန်းပေါ် ဒေသ ဧရာဝတီ တိုင်းထဲက ဒေသတချို့မှာလည်း ရေကြီး ရေလျှံမှုတွေ ဖြစ်ပွားနေပြီး မွန်ပြည်နယ် ကရင်ပြည်နယ်က ဒေသတွေမှာလည်း မြစ်ရေ လျှံတက် နေပါတယ်။

၂၀၀၈ ခုနှစ်မှာ ဆိုင်ကလုန်း နာဂစ်ကြောင့် လူ အများအပြား သေကြေ ပျက်စီးခဲ့ချိန်ကတော့ အဲဒီအချိန်က တိုင်းပြည် ကို အုပ်ချုပ်ခဲ့တဲ့ ဗိုလ်ချုပ်ကြီးတွေက ပြည်ပ အကူအညီတွေကို လက်ခံဖို့ ငြင်းဆိုခဲ့ပါတယ်။

BBC Burmese
http://www.bbc.com/burmese

No comments:

Post a Comment