Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, August 5, 2015

ဂျပန်မှာ ပညာသင်ယူနေတဲ့  ပွင့်စည်ခိုင် ရဲ့  ဦးရဲထွဋ် သို့  အိတ်ဖွင့်ပေးစာ



သို့ ...
ဦးရဲထွဋ်.....
မေးစရာလေးရှိလို့ စာပို့လိုက်ပါတယ်ရှင့်....
ကျွန်မ ဂျပန်မှာ ပညာသင်ယူနေတဲ့ ကျောင်းသူတစ်ဦးပါ....
အခုရေဘေးကယ်ဆယ်ရေးအတွက် ဂျပန်က အသိမိတ်ဆွေများနှင့် သူငယ်ချင်းများ
ပေါင်းစည်းပြီး မြန်မာပြည်အတွက် rescue sheet 400 ပို့ဖို့ စီစဉ်ထားပါတယ်...
............
အန်ကယ် FB မှာ တင်ထားတဲ့ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ဥပဒေ၂၀၁၃ ပုဒ်မ၃၂ အရ အခွန်ကင်းလွတ်ခွင့်နှင့်ပတ်သက်၍ အတိအကျ ညွှန်ကြားစေလိုပါတယ်....
.....
နိုင်ငံခြားမှ ပို့လိုက်တဲ့ ကယ်ဆယ်ပစ္စည်းများ ဆိုတာကို ကျွန်မတို့ က ဘယ်သူ အသိအမှတ်ပြုပေးရမည် အသိအမှတ်ပြုပေးရန် မည်သည့်စာရွက်စာတမ်းများလိုအပ်သည် ထိုသို့အသိအမှတ်ပြုပြီး မြန်မာနိုင်ငံမှ အကောက်ခွန်တွင် မည်သို့ လျောက်ထားတင်သွင်းရ
မည် ကို အသေးစိတ်သိရှိလိုပါတယ် အန်ကယ်....
......
ဒါ့အပြင် မိမိတို့ ကယ်ဆယ်ရေးပစ္စည်းများကို သက်ဆိုင်ရာ နိုင်ငံခြားမြန်မာသံရုံးများတွင် အခွန်ကင်းလွတ်ခွင့်စတင်လျောက်ထားသည့်ရက်မှ ဘယ်နှရက်အတွင်း အထောက်အထားပြစာရွက်ကို အချိန်မြန်မြန်ကျနိုင်စေရန် ဆောင်ရွက်ပေးနိုင်သည်ဆိုသော အသေးစိတ်ညွှန်ကြားမှုများကိုလည်း သက်ဆိုင်ရာဌာနများတွင် ပြဌာန်းစေလိုပါတယ်...
အန်ကယ်...
....
အန်ကယ် FB မှ Post ကိုတွေ့ပြီး ဂျပန်မှ မြန်မာသံရုံးအားဆက်သွယ်မေးမြန်းခဲ့ပါတယ်..
လိုအပ်တဲ့စာရွက်စာတမ်း Form က အစ ကိုယ့်ဘာသာ ရေးခဲ့ရပါတယ်... နောက်
၁ ပတ်အချိန်ကြာကောင်းကြာမှာဖြစ်တယ်လို့ ပြောပါတယ် ... ဒါ့အပြင် ကယ်ဆယ်ရေး
ပစ္စည်းများဖြစ်ကြောင်း သက်သေပြုစာရွက်ပါသော်လည်း အကောက်ခွန်ကင်းလွတ်ခွန့်
ရမည်မရမည်ကို အာမမခံနိုင်ကြောင်း သတိပေးပြောပါတယ်...
.....
အန်ကယ်တို့ အထက်က ပြောနေပေမယ့်လည်း အောက်ပိုင်းက ဘာမှသေချာရေရာမှုမရှိတာကို တွေ့ရပါတယ်... အန်ကယ်!
.......
အဲဒီအတွက် အန်ကယ်ရဲ့ အသေးစိတ်ညွှန်ကြားမှုကို လုပ်ပေးနိုင်မယ်ဆိုလျှင်
လှူဒါန်းမည့် သူများရော အလှူခံမည့်သူများပါ အချိန်တိုအတွင်း ထိထိရောက်ရောက် အကျိုးရှိရှိ ဖြစ်မယ်လို့ ထင်ပါတယ်... အန်ကယ်!
.....
လေးစားစွာဖြင့်...
ပွင့်စည်ခိုင်
..............
Credit- Pwint Si Khaing
( Remark-စင်ကာပူက အလှူရှင်တဦး ရဲ့ စာရွက်လေးအား .. နမူနာအနေဖြင့် .. တင်ပေးလိုက်ပါသည်)









Ko Pyae

No comments:

Post a Comment