Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, August 2, 2015

နယူးအော်လင်း မြို့၌ ဖြန့်ဝေပေးသော သောက်သုံးရေတွင် ဦးနှောက်ကို ပျက်စီးစေသော ပိုးတစ်မျိုးတွေ့ရှိ

'Brain-eating amoeba' found in water supply near New Orleans

နယူးအော်လင်း ၊ ၈-၂-၂ဝ၁၅

အမေရိကန် ပြည်ထောင်စု လူဝီစီယားနား ပြည်နယ် နယူးအော်လင်း မြို့ရှိ ပြည်သူများထံ ဖြန့်ဝေပေးသော သောက်သုံးရေ အတွင်း လူတို့၏ ဦးနှောက် တစ်သျှူးများကို ပျက်စီးစေသော အမီးဘားပိုး တစ်မျိုးကို တွေ့ရှိခဲ့ သည်ဟု အမေရိကန် ကျန်းမာရေး အာဏာပိုင် များက အတည်ပြု ပြောကြား ထားသည်။

Naegleria Fowleri အမည်ရှိ အဆိုပါ အမီးဘား ပိုးသည် အသက်ရှူ လမ်းကြောင်း မှတစ်ဆင့် ဦးနှောက် အတွင်းသို့ ဝင်ရောက်ကာ တစ်သျှူးစနစ် များကို ပျက်စီးစေရန် တိုက်ခိုက်လေ့ ရှိပြီး ၄င်း ပိုးကို  ဒေသန္တရ အုပ်ချုပ်ရေး အဖွဲ့နှစ်ဖွဲ့က တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

အာဏာပိုင် များသည် အဆိုပါ ပိုးကို သတ်နိုင်ရန် အတွက် ရေကန်များအတွင်း ကလိုရင်း များ ထည့်ကာ ရက်ပေါင်း ၆ဝ ကြာ စမ်းသပ်မှု တစ်ရပ်ကို စတင်ခဲ့သည်။ ဒေသခံများ အနေဖြင့် ယခုအခါ ရေပိုက်ခေါင်း များမှရေကို အန္တရာယ်က င်းစွာ သုံးစွဲနိုင် သော်လည်း နှာခေါင်းများ အတွင်း ပိုးဝင်ရောက် ခြင်းမှ ကာကွယ်ရမည် ဖြစ်ကြောင်း တာဝန်ရှိ သူများက ပြောကြားသည်။ အဆိုပါရေ ထောက်ပံ့မှုကို သုံးစွဲသည့် လူဦးရေမှာ ၄၄ဝဝဝ ခန့်ရှိကြောင်း  ABC သတင်းဌာန က ဖော်ပြ ထားသည်။

#PyiChitThar

No comments:

Post a Comment