Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, August 23, 2015

ရွှေနဲ့ ပြုလုပ်ထားတဲ့ အမျိုးသမီးအတွင်းခံ

အမျိုးသမီး အတွင်းခံတွေကို ပုံစံအမျိုးမျိုး ထုတ်လုပ်နေရာ တရုတ်နိုင်ငံမှ တီထွင် ဖန်တီးလိုက်တဲ့ အမျိုးသမီး အတွင်းခံဟာ ရွှေအစစ်နဲ့ ပြုလုပ်ထားတာကြောင့် စိတ်ဝင်စားစရာ ဖြစ်ပါတယ်။ နာမည်ကျော် အတွင်းခံတွေကို ထုတ်လုပ်တဲ့ ဗစ်တိုးရီးယား စီးကရက်ဟာ ဖက်ရှင်ပြပွဲတစ်ခုမှာ ကျောက်မျက်ရတနာတွေနဲ့ ပြုလုပ်ထားတဲ့ ဒေါ်လာ (၁၀)သန်းတန် အတွင်းခံကို ပြသခဲ့ဖူးပါတယ်။ တရုတ်နိုင်ငံမှာ ပြသခဲ့တဲ့ ရွှေနဲ့ ပြုလုပ်ထားတဲ့ အတွင်းခံဟာ ကာလတန်ကြေး ပေါင် ( ၄၀၀၀၀၀)လောက် ရှိပြီး တရုတ်ယွမ်ငွေနဲ့ တွက်ချက်ပါက ယွမ် (၁၀) သန်း ရှိနိုင်ကြောင်း သိရပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ(၂၀)ရက်က ကျရောက်ခဲ့တဲ့ တရုတ်နိုင်ငံရဲ့ ချစ်သူများနေ့မှာ ရွှေနဲ့ ပြုလုပ်ထားတဲ့ အမျိုးသမီးအတွင်းခံကို ပြသခဲ့တာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံအရှေ့မြောက်ပိုင်း၊ Liao ning မြို့ရှိ ကျောက်မျက် ရတနာဆိုင်က အမျိုးသမီး မော်ဒယ်တစ်ဦးနဲ့ ကြော်ငြာမှု ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ အမျိုးသမီးအတွင်းခံကို ပန်းဒီဇိုင်းတွေနဲ့ ပြုလုပ်ထားတာ ဖြစ်ပြီး စုစုပေါင်း ရွှေအလေးချိန် လေးကီလို ကုန်ကျကာ ခြောက်လ အချိန်ယူ ပြုလုပ်ခဲ့ရတယ်လို့ သိရပါတယ်။ လက်မှုပညာကို အသုံးပြုခဲ့တာကြောင့် အချိန်ပေးလုပ်ဆောင် ခဲ့ရတာဖြစ်ပါတယ်။ အမျိုးသမီးမော်ဒယ် တစ်ဦးက ရွှေနဲ့ ပြုလုပ်ထားတဲ့ အတွင်းခံကို ၀တ်ဆင်ပြသခဲ့ရာ စိတ်ဝင်တစား လာရောက်ကြည့်ရှုသူ အများအဟြး ရှိခဲ့ကြောင်း သိရပါတယ်။ တရုတ်နိုင်ငံမှာ အမျိုးသမီး အတွင်းခံကို ရွှေနဲ့ပြုလုပ်ခြင်းကို အရင်ကလည်း ပြုလုပ်ခဲ့ဖူးပါတယ်။ ဒီနှစ် အစောပိုင်းမှာ ဟီနန်ပြည်နယ်က ကျောက်မျက် ရတနာဆိုင်ဟာ ရွှေနဲ့ပြုလုပ်ထားတဲ့ အမျိုးသမီး အတွင်းခံကို မိတ်ဆက် ပြသခဲ့ဖူးကြောင်း သိရပါတယ်။
messenger news journal
လူဖတ်များတဲ့ခေါင်းစဉ်များ

No comments:

Post a Comment