Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, August 22, 2015

အဆင့်မြင့် တိုက်ခိုက်ရေးသင်တန်း ပထမဆုံး အောင်မြင်သော အမျိုးသမီးစစ်သည်များ


အမေရိကန်ကြည်းတပ်၏ ထိပ်တန်း လက်ရွေးစင် ရိန်းဂျားသင်တန်းကို အမျိုးသမီးစစ်သည်နှစ်ဦး ပြီးဆုံးအောင်မြင်စွာ တက်ရောက်ခဲ့ကြပြီးနောက် ဩဂုတ် ၁၄ ရက်၊ သောကြာနေ့က သမိုင်းမှတ်တိုင်တစ်ခု စိုက်ထူနိုင်ခဲ့ပါသည်။
ကြမ်းတမ်းခက်ခဲသော ရိန်းဂျားစစ်သင်တန်းတွင် သင်ကြားလေ့ကျင့်နေသည့် အမျိုးသမီးစစ်သည် ဗိုလ်ကြီး ခရစ်စတန် ဂရိစ် (အလယ်) ဖြစ်ပါသည်။ကြမ်းတမ်းခက်ခဲသော ရိန်းဂျားစစ်သင်တန်းတွင် သင်ကြားလေ့ကျင့်နေသည့် အမျိုးသမီးစစ်သည် ဗိုလ်ကြီး ခရစ်စတန် ဂရိစ် (အလယ်) ဖြစ်ပါသည်။ဗိုလ်ကြီး ခရစ်စတန် ဂရိစ်နှင့် ဗိုလ် ရှေး ဟေဗာတို့သည် စိတ်ပိုင်း၊ ရုပ်ပိုင်း ပြင်းထန်ကြမ်းတမ်းလှသော ရိန်းဂျား တိုက်ခိုက်ရေးခေါင်းဆောင်မှု စစ်သင်တန်းကို ၆၁ ရက်ကြာ ဇွဲမလျှော့ဘဲ တက်ရောက် အောင်မြင်ခဲ့ကြသည်။ သင်တန်းတွင် စစ်သည်များသည် အခက်ခဲဆုံး အဆိုးဝါးဆုံး အခြေအနေများတွင် ကင်းလှည့်ခြင်း၊ တိုက်ခိုက်ခြင်းတို့အတွက် လေ့ကျင့်သင်ကြားခဲ့ကြရသည်။ အစာမစား၊ မအိပ်စက်ရသော အခြေအနေများ မကြာခဏ တွေ့ကြုံ ရင်ဆိုင်ကြရသည်။
ဗိုလ်ကြီး ခရစ်စတန် ဂရိစ်သည် စစ်ရဲတပ်မှ ဖြစ်၍ ဗိုလ် ရှေး ဟေဗာသည် အပါချီ တိုက်ခိုက်ရေး ရဟတ်ယာဉ်မောင်း ပိုင်းလော့ ဖြစ်ပါသည်။ ၎င်းတို့ နှစ်ဦးသည် ရိန်းဂျားစစ်သင်တန်းကို အမျိုးသားများနှင့် တန်းတူ တက်ရောက် အောင်မြင်ခဲ့သော်လည်း အမေရိကန်ကြည်းတပ်၏ လက်ရွေးစင် အမှတ် ၇၅ ရိန်းဂျားတပ်ရင်းတွင်မူ တာဝန်ထမ်းဆောင်ခွင့် မရရှိသေးပေ။ ၎င်းတပ်ရင်းတွင် အမျိုးသမီးစစ်သည်များ တိုက်ခိုက်ရေးတာဝန် ထမ်းဆောင်ခြင်းကို ပိတ်ပင်တားမြစ်ထားသည့် စည်းမျဉ်းအား မရုတ်သိမ်းရသေးချေ။
သို့သော် ပင်တဂွန်စစ်ဌာနချုပ်သည် အမျိုးသမီးများအား စစ်ရေးတာဝန်အားလုံးကို လုပ်ကိုင်ခွင့်ပြုသည့် စီမံကိန်းကို အပြီးသတ် ရေးဆွဲ ပြင်ဆင်နေဆဲ ဖြစ်သည်။ လာမည့် ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလတွင် ကာကွယ်ရေးဝန်ကြီးက ချွင်းချက်အချို့ဖြင့် ဆုံးဖြတ်ချက် ချမှတ်မည် ဖြစ်၏။
အမေရိကန် ကြည်း၊ ရေ၊ လေ လက်နက်ကိုင်တပ်များတွင် ဝင်ရောက်အမှုထမ်းနေသော မြန်မာ အမျိုးသား၊ အမျိုးသမီးများလည်း ရှိပါသည်။ မြန်မာပြည်ဖွား စစ်သည်အချို့မှာ တိုင်းတစ်ပါး ရှေ့တန်းစစ်မျက်နှာတွင် ကျဆုံးခဲ့ရသည်။
http://kabarthit.com/index.php?option=com_content&view=article&id=739:2015-08-21-01-04-54&catid=8:2013-10-13-17-09-02&Itemid=214

No comments:

Post a Comment