Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, August 11, 2015

ဖုန်းဆော့နေတဲ့ ဖခင်ကြောင့် (၃)နှစ်အရွယ် ကလေးငယ် တိုက်ပေါ်က ပြုတ်ကျ

မိုဘိုင်းဖုန်းတွေကြောင့် ယာဉ်တိုက်မှုတွေ၊ အခြားမတော်တဆဖြစ်မူ အများအဟြးရှိခဲ့ရာ အခုလည်း ဖုန်းကိုသာ အာရုံစိုက်နေတဲ့ ဖခင်ကြောင့် ကလေးဖြစ်သူဟာ တိုက်ပေါ်က ပြုတ်ကျသွားခဲ့တာမို့ စိုးရိမ်ရတဲ့ အခြေအနေနဲ့ ကြုံနေရကြောင်း သိရပါတယ်။ တရုတ်နိုင်ငံက အသက်သုံးနှစ်အရွယ် ကလေးငယ်ဟာ ဖခင်ဖြစ်သူနားမှာ ဆော့ကစားမှု ပြုလုပ်နေရင်း မတော်တဆမှု ကြုံတွေ့ခဲ့တာ ဖြစ်ပါတယ်။ ဟန်ဟန် အမည်ရ ကလေးငယ်ဟာ မိသားစုနဲ့အတူ ညစာ စားပြီးနောက် ဆော့ကစားမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဟန်ဟန်ရဲ့ အဘွားဖြစ်သူက စားပြီးသား ပန်းကန်တွေကို ဆေးကြောနေပြီး၊ အခြားမိသားစုဝင် တွေကတော့ ကိုယ်စီ အလုပ်များနေပါတယ်။

ဒါကြောင့် ဟန်ဟန်ကို ဖခင်ဖြစ်သူက ကြည့်ရှု ထိန်းကျောင်း ပေးခဲ့ပါတယ်။ ဒါပေမဲ့ ဖခင်ဖြစ်သူဟာ ကလေးကို အလေးထား စောင့်ရှောက်ခြင်း မရှိဘဲ မိုဘိုင်းဖုန်းနဲ့ ဆော့ကစားနေခဲ့ပါတယ်။ အစောပိုင်းမှာ ကလေးငယ်ဟာ ဖခင်ဖြစ်သူ အနီးဝန်းကျင်မှာ ဆော့ကစားခဲ့တာ ဖြစ်ပါတယ်။ အဘွားဖြစ်သူ မီးဖိုချောင်ကနေ ထွက်လာပြီးနောက် ဟန်ဟန် အမည်ခေါ်တဲ့အခါ ဖခင်ဖြစ်သူလည်း ဖုန်းဆော့တာကိုရပ်ပြီး သမီးဖြစ်သူကို သတိရသွားခဲ့ပါတယ်။ ဟန်ဟန်ဟာ ရုတ်တရက် ပျောက်သွားခဲ့တာကြောင့် ရှာဖွေခဲ့ရာ မတွေခဲ့ပါဘူး။ ဒီနောက် ပြတင်းပေါက် တံခါးပွင့်နေတာကို သွားရောက် ကြည့်ခဲ့ရာ ကလေးငယ်ဟာ သုံးထပ်တိုက် အပေါ်ကနေ ပြုတ်ကျသွားပြီး အောက်ကို ရောက်နေတာ မြင်တွေခဲ့ရပါတယ်။ ဦးခေါင်းဒဏ်ရာ အပြင်းအထန် ရခဲ့တာကြောင့် ဆေးရုံမှာ အရေးပေါ် ကုသပေးနေပမယ့် အလွန် စိုးရိမ်ရကြောင်း သိရပါတယ်။ မိုဘိုင်းဖုန်းကို သုံးတဲ့အခါမှာ သတိရှိဖို့ လိုအပ်နေကြောင်း ယခုဖြစ်ရပ်က ပြသသွားခဲ့ပါတယ်။
messenger news journal

No comments:

Post a Comment