နိုင်ငံတ၀ှမ်း လုံခြုံရေး အထူးစိုးရိမ်နေရ (Credit: Reuters) |
အမျိုးသမီး ၂ ဦးက သံရုံးကို သေနတ်နဲ့ ပတ်ခတ်တိုက်ခိုက်ခဲ့ကြောင်းနဲ့ တဦးကို ဒဏ်ရနဲ့ ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။
သံရုံးအတွင်းမှာ ဘယ်သူမှ ထိခိုက်ဒဏ်ရာ မရခဲ့ပါဘူး။ ဒီကိစ္စအတွက် တူရကီ အစိုးရတာဝန်ရှိသူတွေနဲ့ လက်တွဲပြီး သူတို့က စုံစမ်းဖော်ထုတ်နေပါတယ်လို့ အမေရိကန် အစိုးရရဲ့ ပြောခွင့်ရသူ John Kirby က ပြောကြားခဲ့ပါတယ်။
ပြည်သူ့တော်လှန် လွတ်မြောက်ရေးတပ်ဦး Revolutionary People's Liberation Army Front အကြမ်းဖက်အဖွဲ့ အင်တာနက် အွန်လိုင်းမှာ ဖော်ပြထားတဲ့ ထုတ်ပြန်ချက်ထဲမှာတော့ အမေရိကန်နိုင်ငံဟာ အရှေ့အလယ်ပိုင်းရဲ့ ရန်သူဖြစ်တာကြောင့် အခုလို တိုက်ခိုက်ရတာ ဖြစ်ကြောင်း ဖော်ပြထားပါတယ်။
ဒီအဖွဲ့ဟာ ၂၀၁၃ ခုနှစ်တုန်းကလည်း အင်ကာရာမှာ ရှိတဲ့ အမေရိကန်သံရုံးကို အသေခံဗုံးခွဲ တိုက်ခိုက်ဖူးတဲ့ အဖွဲ့ဖြစ်ပါတယ်။ တခြား တူရီကီနိုင်ငံတ၀န်း အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် အနည်းဆုံး လူ ၈ ဦးသေဆုံးခဲ့ရပါတယ်။
အစ္စတန်ဘူလ်မြို့က ရဲစခန်းတခုကို ကားဗုံးခွဲတိုက်ခိုက်ခဲ့ပြီး တိုက်ခိုက်သူ ၁ ဦးသေဆုံးသွားပါတယ်။ နိုင်ငံအရှေ့တောင်ပိုင်းမှာလည်း တိုက်ခိုက်မှုတွေကြောင့် ရဲ ၄ ဦး နဲ့ စစ်သား တဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။
အစ္စလာမ်မစ်နိုင်ငံတည်ထောင်လိုတဲ့ IS အကြမ်းဖက်သမားတွေကို ချေမှုန်းဖို့ ပြီးခဲ့တဲ့ လ က Turkish PKK လက်နက်ကိုင် တွေနဲ့ လက်တွဲခဲ့အပြီးမှာ အခုလို တိုက်ခိုက်မှုတွေ တူရကီနိုင်ငံမှာ ဖြစ်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။
ABC Radio Australia
http://www.radioaustralia.net.au/burmese
No comments:
Post a Comment