Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, August 6, 2015

ရေဘေးသင့်ပြည်သူများ အတွက် ထောက်ပံ့ပစ္စည်းများ အနယ်နယ်အရပ်ရပ် မှ စေတနာရှင် အလှူရှင်များက ပေးပို့လှူဒါန်း




နေပြည်တော် ၊ ၇-၈-၂၀၁၅

ရေဘေးသင့် ပြည်သူများ အတွက် ဆန်နှင့် စားသောက် ကုန်စည်များ၊ ဆေးဝါး ပစ္စည်းများ၊ အသုံးအဆောင် ပစ္စည်းများ ပါဝင်သော ထောက်ပံ့ပစ္စည်း များကို စေတနာရှင် အလှူရှင်များက ပေးပို့ လှူဒါန်းလျက် ရှိရာ ယမန်နေ့တွင် အနယ်နယ် အရပ်ရပ်မှ စေတနာရှင် အလှူရှင် များက ထောက်ပံ့ပစ္စည်း စုစုပေါင်း ၆၉ တန်ကျော်ကို မင်္ဂလာဒုံ လေတပ်စခန်း ဌာနချုပ်သို့ လာရောက် လှူဒါန်း ကြသည်။

စေတနာရှင် အလှူရှင်များမှ ပေးပို့လှူဒါန်း ထားသော ထောက်ပံ့ပစ္စည်း များကို တပ်မတော်မှ လေယာဉ်၊ ရဟတ်ယာဉ်၊ စစ်ရေယာဉ်နှင့် မော်တော်ယာဉ် တို့ဖြင့် ရေဘေးသင့် ပြည်သူများထံ ပေးပို့လျက် ရှိရာ ယမန်နေ့တွင် ထောက်ပံ့ပစ္စည်း ၆ တန်ကို တပ်မတော် လေယာဉ် တစ်စင်းဖြင့် ရခိုင် ပြည်နယ် သို့လည်းကောင်း၊ ဆန်အိတ် ၂၁ဝ၉ အိတ် အပါအဝင် စားသောက်ကုန် ပစ္စည်း စုစုပေါင်း ၁ဝ၁ ဒသမ ၉ တန်ခန့်ကို စစ်ရေယာဉ်ဖြင့် ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသသို့ လည်းကောင်း ၊ ဆန်အိတ် ၂ဝဝ အပါအဝင် စားသောက်ကုန် ပစ္စည်း စုစုပေါင်း ၁ဝ တန်ခွဲကို မော်တော်ယာဉ်များ ဖြင့် အင်္ဂပူမြို့နယ် သို့ လည်းကောင်း၊ ဆန် နှင့် စားသောက်ကုန် စုစုပေါင်း ၃၅ တန်ကို မော်တော်ယာဉ် များဖြင့် မုံရွာမြို့သို့ လည်းကောင်း အသီးသီး ပို့ဆောင်ပေးသည်။

စေတနာရှင် အလှူရှင် များက လာရောက် လှူဒါန်းထားသော ထောက်ပံ့ပစ္စည်း စုစုပေါင်း ၁၁ဝ တန်ခန့်ကို ရေဘေးသင့် ပြည်သူများ လက်ဝယ်ထံ စနစ်တကျ ရောက်ရှိရေး ဆက်လက် စီစဉ် ဆောင်ရွက်လျက် ရှိကြောင်း သတင်း ရရှိသည်။

#PyiChitThar

No comments:

Post a Comment