Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, August 23, 2015

ဘန်ကောက်ဗုံးခွဲသူ ထွက်ပြေးလွတ်မြောက်သွားလောက်ပြီလို့ ယူဆ



 သတင်းပတ် တစ်ပတ်နီးပါးကြာပြီဖြစ်ပေမယ့် ဘန်ကောက်မြို့လယ်က ဗုံးဖေါက်ခွဲမှုရဲ့ နောက်ကွယ်က သံသယရှိသူတွေကို ဖမ်းဆီးနိုင်ဖို့ သဲလွန်စ ပျောက်နေဆဲဖြစ်ပါတယ်။

ထိုင်းရဲတပ်ဖွဲ့အဆိုအရ ကံကိုယ့်ဖက်ပါဖို့ လိုနေသလို အခုလောက်ဆို ဖေါက်ခွဲသူတွေဟာ ထိုင်းကနေ ထွက်ပြေးလွတ်သွားလောက်ပြီလို့လည်း ယူဆလို့ရကြောင်း ထိုင်းရဲတပ်ဖွဲ့က ဒီကနေ့ မနက်က ပြောကြောင်း အေပီသတင်းဌာနက ရေးသားပါတယ်။

ပြီးခဲ့တဲ့ တနင်္လာနေ့က ဘန်ကောက်မြို့လည်က အီရာဝန်မှာ ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး လူ ၂ဝ သေဆုံးကာ ၁ဝဝ နီးပါးလောက်ဒဏ်ရာရခဲ့ပါတယ်။ အဲဒီနေရာဟာ တရုတ် နဲ့ ဟောင်ကောင်က ခရီးသွားတွေ အများဆုံးလည်ပတ်တဲ့နေရာဖြစ်တယ်လို့ သိရပြီး သေဆုံးသူတွေထဲမှာ တရုတ်နိုင်ငံသားတွေက များတယ်လို့ဆိုပါတယ်။

သို့သော်လည်း အဲဒီတိုက်ခိုက်မှုဟာ တရုတ်နိုင်ငံသားတွေကို ပစ်မှတ်ထားတိုက်တယ်လို့ ယူဆလို့ မရကြောင်း ထိုင်းရဲတပ်ဖွဲ့က သုံးသပ်သလို နိုင်ငံတကာအကြမ်းဖက် အဖွဲ့တွေနဲ့လည်း ဆက်နွယ်နေတယ်လို့ ပြောလို့မရသေးကြောင်းဆိုပါတယ်။

ထိုင်းအစိုးရက သံသယရှိသူတွေကို ဖေါ်ထုတ်နိုင်ဖို့ တိုးတက်မှုတွေရှိလာပြီလို့ မနေ့ကအထိ ထုတ်ပြန်ခဲ့ပြီး ဒီကနေ့ မနက်က သံသယရှိသူတွေထွက်ပြေးလွတ်မြောက်သွားနိုင်တယ်လို့ ပြောတဲ့အတွက် နားလည်ရခက်နေပါတယ်။

(ဓါတ်ပုံ Pimuk/RFA - ထိုင်းရဲတပ်ဖွဲ့က ဗုံးပေါက်ကွဲသည့်နေရာတွင် သဲလွန်စ ရှာဖွေနေစဉ်။ သြဂုတ်လ ၁၈ ရက် ၂၀၁၅)

RFA Burmese
https://www.facebook.com/pages/RFA-Burmese

No comments:

Post a Comment