ချစ်သူချောချော ရရှိထားသော အမျိုးသားများ အတွက် သတင်းဆိုး ဖြစ်သည်။ အကြောင်းမှာ ချစ်သူ အမျိုးသားထက် ၄င်းကိုယ်၎င်း ပိုမိုချောမောပြီး ဆွဲဆောင်မှု ရှိသည်ဟု ယူဆသည့် အမျိုးသမီးများသည် သစ္စာမရှိတတ်ကြဘဲ အခြားအမျိုးသားများနှင့် တွဲခုတ်ရန် အစဉ် စိတ်ဝင်စားနေတတ်ကြောင်း လေ့လာမှု စစ်တမ်းတစ်ရပ်က ဆိုလိုက်သည်။
ချစ်သူ အမျိုးသားထက် ၄င်းကိုယ်၎င်း ပိုမိုချောမောသည်ဟု ယူဆသော အမျိုးသမီးများသည် လက်ရှိအချစ်ရေးကိုများစွာ စိတ်ဝင်စားခြင်း မရှိတတ်ကြောင်း အမေရိကန်နိုင်ငံ အရှေ့ကွန်နက်တီးကပ် ပြည်နယ် တက္ကသိုလ်မှ သုတေသန ပညာရှင်များက ဆိုသည်။ ကိုယ့်ကိုယ်ကိုယ် ပိုလှသည် ထင်ထားသည့် အမျိုးသမီးများသည် အခြား အမျိုးသားများနှင့် ရောနှောနိုင်ခြေ၊ ဆက်ဆံရေး အနည်းငယ် အဆင်မပြေတော့သည်နှင့် လမ်းခွဲရန် စဉ်းစားနိုင်ခြေ ပိုများကြောင်း ပညာရှင်များကပြောသည်။
ပညာရှင်များသည် အမျိုးသားများနှင့် ချစ်မှုရေးရာ ပတ်သက်မှု ရှိနေသော အမျိုးသမီး (၆၉၂) ဦးတို့အား အွန်လိုင်းမှ တစ်ဆင့် မေးမြန်းကာ ၄င်းတို့၏ ရုပ်ရည်နှင့် ချစ်သူ အမျိုးသား၏ ရုပ်ရည်တို့ကို သုံးသပ်စေပြီး ဆက်ဆံရေးဆိုင်ရာ အပြုအမူများနှင့် ပတ်သက်သော မေးခွန်းများကို ဖြေဆိုစေခဲ့သည်။
ချစ်သူ အမျိုးသားထက် ၄င်းကိုယ်၎င်း ပိုမို ဆွဲဆောင်မှု ရှိသည်ထင်သည့် အမျိုးသမီးသည် နောက်ထပ် အမျိုးသား တစ်ဦးကို ရှာဖွေနိုင်ခြေ ပိုများကြောင်း လေ့လာ တွေ့ရှိခဲ့သည်ဟု လေ့လာမှုကို ဦးဆောင်ခဲ့သည့် ပါမောက္ခ မယ်ဒယ်လင်း ဖူဂရီက ပြောဆိုခဲ့သည်။
ကိုယ့် ကိုယ်ကိုယ် ပိုမိုချောလှသည် ထင်ထားသော အမျိုးသမီးများသည် ကွယ်ရာတွင် အခြား အမျိုးသားများနှင့် ပိုမိုရင်းနှီးစွာ ဆက်ဆံတတ်ကာ အခြား အမျိုးသားများ ပေးပို့ထားသော ဖုန်းမက်ဆေ့ဂ်ျ များကိုလည်း ဖျက်ပစ်တတ်ကြသည်ဟု စစ်တမ်းက ဆိုသည်။
ယခုတွေ့ရှိမှုမှ ရရှိသော သင်ခန်းစာမှာ ဘ၀တစ်လျှောက်လုံး ပျော်ရွှင်ချင်သည် ဆိုပါက လှပသော အမျိုးသမီးကို လက်မထပ်ပါနှင့် ဆိုသည့် စကားသာ ဖြစ်ကြောင်း ပါမောက္ခ ဖူဂရီက ပြောဆိုခဲ့သည်။ တွေ့ရှိမှုကို Personality and Individual Differences ဂျာနယ်တွင် ဖော်ပြထားသည်။
messenger news journal
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Saturday, August 29, 2015
တစ်ဘ၀လုံး ပျော်ရွှင်လိုလျှင် ရုပ်ဆိုးသော အမျိုးသမီးကို လက်ထပ်ပါ
တစ်ဘ၀လုံး ပျော်ရွှင်လိုလျှင် ရုပ်ဆိုးသော အမျိုးသမီးကို လက်ထပ်ပါ
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
August 29, 2015
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment