Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, August 5, 2015

အွန်လိုင်း မှတဆင့် စက်ရုပ်မှာယူပြီး အတူနေနိုင်တော့မည်

နည်းပညာထွန်းကားလာတာနဲ့ အမျှ လာမယ့်နှစ်တွေမှာ စက်ရုပ်နဲ့ လူသား ဆက်ဆံရေးက လျင်လျင်မြန်မြန် တိုးတက်လာတော့မယ်လို့ လိင်ပိုင်းဆိုင်ရာ စိတ်ပညာရှင် ဒေါက်တာ ဟယ်လင် ဒရစ်ကောလ်ကို ကိုးကားပြီး နိုင်ငံတကာ သတင်းတွေမှာ ဖော်ပြပါတယ်။

လိင်ပိုင်းဆိုင်ရာနဲ့ ပတ်သက်တဲ့ နည်းပညာက အလျင်အမြန် တိုးတက်လာတဲ့ အတွက် ၂၀၇၀ မှာ စက်ရုပ်နဲ့ လိင်ဆက်ဆံတာကို လူမှုရေး နယ်ပယ်မှာ လက်ခံနိုင်သလို လူအချင်းချင်း ဆက်ဆံတာထက် ပိုခေတ်စားလာနိုင်တယ်လို့ ပြောပါတယ်။

“လွန်ခဲ့တဲ့ နှစ်တွေက လိင်ကိစ္စနဲ့ ပတ်သက်တဲ့ လူမှုရေးထုံးတမ်းစဉ်လာကို ကြည့်မယ်ဆိုရင် အလျင်အမြန် ပြောင်းလဲလာတာကို တွေ့ရပါလိမ့်မယ်” လို့ ဒေါက်တာ ဟယ်လင်က ဗြိတိန် ကြေးမုံသတင်းစာကို ပြောပါတယ်။

လူပုံစံစက်ရုပ်တွေကို အွန်လိုင်းကနေတဆင့် မှာယူနိုင်သလို လာမယ့်နှစ်တွေမှာ စက်ရုပ်တီထွင်အသုံးပြုတဲ့ နည်းပညာက လိင်ပိုင်းဆိုင်ရာ လုပ်ငန်းတွေမှာ ပိုအဓိက ကျလာမယ်လို့ ဆိုပါတယ်။

DVB

No comments:

Post a Comment