Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, August 28, 2015

အခြေခံအင်္ဂလိပ်စကားပြော ပုံစံများ (၂၅) ဘာရယ်လို့ အတိအကျမပြောဘဲ တစ်ခုခုလုပ်စရာရှိတယ် ဆိုတာမျိုးတွေကိုပြောချင်ရင် .....


အခြေခံအင်္ဂလိပ်စကားပြော ပုံစံများ (၂၅)
I have something + V-1.
* ဘာရယ်လို့ အတိအကျမပြောဘဲ "တစ်ခုခုလုပ်စရာရှိတယ်" ဆိုတာမျိုးတွေကိုပြောချင်ရင် ဒီပုံစံကို သုံးပါတယ်။
ဥပမာ။ ။ I have something to complete.
လက်စသတ်စရာ ရှိသေးတယ်။
I have something to share with you.
မင်းကို မျှဝေစရာ ရှိသေးတယ်။
I have something important to tell you.
မင်းကို အရေးတကြီး ပြောစရာရှိတယ်။
I have something to encourage you.
မင်းကို အားပေးစရာ ရှိတယ်။
I have something to explain to you.
မင်းကို ရှင်းပြစရာရှိတယ်။
I have something special planned for your birthday.
မင်းမွေးနေ့အတွက် ရှယ်စီစဉ်ထားတာ ရှိတယ်။
I have something else to consider.
ငါ့မှာ တခြားစဉ်းစားစရာလည်း ရှိသေးတယ်ကွ။
I have something to ask you.
မင်းကို မေးစရာရှိတယ်။
I have something fun for us to do.
ငါတို့ ပျော်ပျော်ရွှင်ရွှင်လုပ်ရမယ့် အစီအစဉ် ငါ့မှာရှိတယ်။
# လေ့လာထက်မြတ် စွမ်းရည်တက်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက်
Kyaw Kyaw Lwin
English is Easy

No comments:

Post a Comment