Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, August 3, 2015

စိတ်ကျန်းမာရေး မကောင်းသူကောင်မလေးကို ဘုရားကျောင်းထဲ မုဒိမ်းကျင့်ခဲ့သူကို ဖမ်းဆီး


အသက် ၃၃ နှစ်အရွယ်၊ Joseph Averitt ဆိုသူဟာ အသက် ၁၃ နှစ်သာရှိသေးတဲ့ မိန်းကလေးကို ခုနှစ်ကြိမ်ထက်မနည်း မုဒိမ်းကျင့်ခဲ့မှုနဲ့ စွပ်စွဲခံထားရပါတယ်။
ဘုရားကျောင်း အလုပ်သမားဟောင်းဟာ စိတ်ကျန်းမာရေးမကောင်းတဲ့ကောင်မလေးကို ဘုရားကျောင်းအပါအ၀င် ကားပါကင်နဲ့ သားဖြစ်သူရဲ့ရှေ့ မှာတင် မုဒိမ်းကျင့်ခဲ့တယ်လို့ ဆိုပါတယ်။Joseph Averitt ဟာ ဖလော်ရီဒါပြည်နယ်က New Destiny Christian Center မှာ စိတ်ကျန်းမာရေးမကောင်းတဲ့ ကလေးမလေးကို လိင်ပိုင်းဆိုင်ရာစော်ကားမှုပြုနေတာကို တွေ့ ရှိပြီးနောက် ဗုဒ္ဓဟူးနေ့ က ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
ကလေးမလေးဟာ အဆိုပါလက်ထပ်ပြီးသားအမျိုးသားရဲ့ လိင်ပိုင်းဆိုင်ရာ ထိတွေ့ မှုကို အကြိမ်များစွာခံခဲ့ရပြီး ပထမဆုံးအကြိမ်က ၂၀၁၄ ခုနှစ် နွေရာသီတုန်းက ဘုရားရှိခိုးကျောင်းရဲ့ အပြစ်ဝန်ခံရာ အခန်းမှာ ဖြစ်တယ်လို့ ရဲတွေကို ပြောပြခဲ့ပါတယ်။ ကလေးမလေးဟာ Averitt ရဲ့ ဇနီးဖြစ်သူ ဈေးဝယ်ထွက်နေတုန်း ကုန်တိုက်ကားပါကင် မှာလည်း လိင်ပိုင်းဆိုင်ရာစော်ကားမှုခံခဲ့ရတယ်လို့ ဆိုပါတယ်။ အဆိုပါ အဖြစ်အပျက် ဖြစ်နေစဉ်အတွင်း တရားခံရဲ့ သားလေးကလည်း ကားနောက်ခန်းကနေ ငိုပြီး အဖေဖြစ်သူရဲ့ လုပ်ရပ်ကို ကြည့်နေခဲ့တယ်လို့ ဆိုပါတယ်။
ဘုရားကျောင်းအင်ဂျင်နီယာဟာ စိတ်ပိုင်းဆိုင်ရာ အခက်အခဲ ရင်ဆိုင်နေရတဲ့ မိန်းကလေးကို လိင်ပိုင်းဆိုင်ရာ ထိပါးစော်ကားမှု ရှစ်ကြိမ်ပြုလုပ်ခဲ့မှုနဲ့ တရားစွဲ ခံထားရပြီး သူ့ အတွက် အာမခံငွေ ဒေါ်လာ ၅၁၅၀၀ သတ်မှတ်ထားပါတယ်။
Ref: Mirror
http://www.trend.com.mm/2015/08/03/news-7324

No comments:

Post a Comment