Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, August 10, 2015

ဂျပန်မှာခေတ်စားနေတဲ့ အရက်မူးတဲ့စတိုင် အလှပြင်နည်း

ဂျပန်မှာခေတ်စားနေတဲ့ အရက်မူးတဲ့စတိုင် အလှပြင်နည်း

အများအားဖြင့်တော့ မိတ်ကပ်ပညာဆိုတာ အမျိုးသမီးတွေအတွက် ပုံမှန်ထက်ပိုကြည့်ကောင်း၊ ပိုလှသွားအောင် ပြင်ရတာဖြစ်ပါတယ်။ ဒါပေမယ် ထူးထူးဆန်းဆန်းတွေ မကြာခဏလုပ်တက်တဲ့ ဂျပန်မှာတော့ မိတ်ကပ်နဲ့လှအောင်မပြင်ပဲ အရက်မူးတဲ့ပုံပေါက်အောင် ပြင်ကြတဲ့ဓလေ့ခေတ်စားနေပါတယ်။ စိတ်မရှုပ်သွားပါနဲ့ဦး။


ဒီလိုပါ။ ခုတလောဂျပန်က မိန်းမပျိုလေးတွေကြားမှာ မနေ့ညကပါတီပွဲမှာ အရက်အလွန်အကျွံမူးလာလို့ မျက်နှာတွေချောင်ကျပြီး မျက်ကွင်းတွေညိုနေတဲ့စတိုင်မျိုး မိတ်ကပ်လိမ်းပုံ ခေတ်စားနေတာ ဖြစ်ပါတယ်။ မျက်နှာတင်မကပါဘူး။ ဆံပင်တွေကလည်း အဆီပြန်ရေစိုထားသလို ကပ်စေးစေးပုံစံမျိုး ဖြစ်အောင်တမင်လုပ်ယူပြီး အလှပြင်ထားကြတာဖြစ်ပါတယ်။ ဒီလိုပုံစံမျိုး ပြင်နိုင်မှ ဂျပန်က မိန်းမပျိုတွေကြားထဲ သင်လည်း ခေတ်မီတဲ့သူတစ်ယောက်ဖြစ်မှာပါ။ အထူးသဖြင့်မျက်လုံးအောက်ကို မိတ်ကပ်လိမ်းခြယ်ကြပြီး ညကအမူးလွန်သွားလို့ နေလို့မကောင်းတဲ့ ပုံစံဖမ်းထားကြပါတယ်။ ဆံပင်တွေကလည်း ဖရိုဖရဲနဲ့ စေးကပ်ကပ် ဖြစ်နေပါသေးတယ်။


အခုတလောမှာတော့ ဒီလိုပြင်နိုင်မှသာ ဆွဲဆောင်မှုရှိတဲ့အမျိုးသမီးလို့ ထင်ကြမှာဖြစ်ပါတယ်။ ဒီလိုဖြစ်ဖို့ မိတ်ကပ် ဘယ်လိုပြင်ရလဲဆိုတဲ့လက်တွေ့သရုပ်ပြ ဗီဒီယိုဖိုင်ကို  zWinnie Yap ကအွန်လိုင်းပေါ် တင်ထားခဲ့ရာမှာ အခုဆိုရင် ကြည့်ရှုမှုအကြိမ်ရေ တစ်သိန်းကျော်သွားပြီဖြစ်ပါတယ်။ 

Ref - dailyamil
http://www.planet.com.mm/detail/28394/World

No comments:

Post a Comment