Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, August 2, 2015

လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာပြီး နာရီပိုင်းအတွင်း ခိုးမှုကျူးလွန်သူကို ဖမ်းမိ


မန္တလေးတိုင်း မိတ္ထီလာ မြို့နယ်ရှိ ရတနာမာန်အောင်ရပ် ကွက်တွင် လွတ်ငြိမ်းချမ်းသာခွင့် ဖြင့် ဘယ်လင်း(၁)ကျောက်ထုတ် လုပ်ရေးစခန်းမှ လွတ်မြောက်လာ ပြီး နာရီပိုင်းအတွင်း ခိုးမှုကျူးလွန် မှုဖြစ်ပွားခဲ့ကြောင်း  သတင်းရရှိ သည်။
ခိုးမှုကျူးလွန်ခဲ့သည့် အ သက်(၂၇)နှစ်အရွယ် အမျိုးသား သည် ယခင်က ဆိုင်ကယ်ခိုးမှုဖြင့် ထောင်ကျခဲ့ကာ ဇူလိုင် ၃၁ရက် နံနက် ၂နာရီက မိတ္ထီလာမြို့ ရတ နာမာန်အောင်ရပ်ကွက်ရှိ နေအိမ် တစ်အိမ်မှ ဆိုင်ကယ်တစ်စီးကို ခိုးယူခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်းသိရသည်။
မိတ္ထီလာမြို့မရဲတပ်ဖွဲ့စခန်း ရှိ တာဝန်ရှိသူအချို့သည် ရတနာ မာန်အောင်ရပ်ကွက်တွင် ဆိုင်ကယ်တစ်စီးကို လိုက်လံရောင်းချနေကြောင်းသတင်းရရှိ၍ စစ်ဆေးရာမှ ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။
နိုင်ငံတော်သမ္မတသည် ဖွဲ့ စည်းပုံအခြေခံဥပဒေပုဒ်မ ၂၀၄ ပုဒ်မခွဲ(က)နှင့်အညီ အကျဉ်း ထောင်အသီးသီးတွင် ထိုက်သင့် သောပြစ်ဒဏ်များ  ကျခံပြီးဖြစ် သည့်အပြင်အကျဉ်းထောင်ကျခံ စဉ်ကာလအတွင်း စည်းကမ်း ကောင်းမွန်သည့်အကျဉ်းသား၊အကျဉ်းသူ ၆,၉၆၆ဦးတို့အား ၂၀၁၅ ဇူလိုင် ၃၀ရက်တွင် ပြစ်ဒဏ်မှ လွတ်ငြိမ်းချမ်းသာခွင့်    ပေးခဲ့သည်။မန္တလေးတိုင်းဒေသကြီးတွင် မန္တလေးအိုးဘိုအကျဉ်း ထောင်မှ ၄၃၀ဦး၊ မြင်းခြံမှ ၁၀၃ဦး၊ မိတ္ထီလာ ၃၈ဦး၊ ရမည်းသင်း ၃၃ ဦး၊ ညောင်ဦး ၃၄ဦးနှင့်နိုင်ငံခြား သား ၁၅ဦးတို့ပါဝင်ခဲ့သည်။
http://7daydaily.com/story/43250

No comments:

Post a Comment