Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, August 5, 2015

သင့်ရဲ့လက်ရေးက ပြောပြနေတဲ့ သင့်ရဲ့ ထူးခြားတဲ့ ပင်ကိုယ်စရိုက်


လက်ရေးလက်သားလေ့လာမှု ပညာရှင် Kathi McKnight က အက္ခရာစာလုံး “l” “t” “i” နဲ့  “y” တို့ ရေးပုံကို ကြည့်ပြီး လူတစ်ယောက်ရဲ့ ထူးခြားတဲ့ပင်ကိုယ်စရိုက်ကို ပြောပြနိုင်တယ်လို့ ဆိုပါတယ်။

‘l’ ကို အခွေလိုက်ရေးတတ်တဲ့ လူတွေက မျှော်လင့်ချက်ကြီးတဲ့ စိတ်ကူးယဉ်သမားမျိုးဖြစ်ပြီး L ကို ခြေရာပြန်ကောက်ရေးတတ်တဲ့လူ (မူလဆွဲထားတဲ့ လမ်းကြောင်းအတိုင်း ပြန်ရေးတတ်တဲ့လူ) မျိုးက မျှော်လင့်ချက် အိပ်မက်ရောင်ခြည်တွေ ပျက်သုဉ်းသွားပြီဖြစ်တဲ့ လူမျိုးဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

အက္ခရာ ‘t’ ကို အခွေလိုက်ရေးတတ်တဲ့လူတွေက ဝေဖန်ကဲ့ရဲ့မှုတွေကို ခံစားလွယ်ပြီး သံသယစိတ်ကြီးမားတဲ့ လူမျိုးတွေဖြစ်တယ်လို့ ဆိုပါတယ်။ ကောက်ကြောင်းထပ် ‘t’ ကတော့ သင်ဟာ စည်းကမ်းရှိပြီး မိမိကိုယ်ကို ထိန်းချုပ်နိုင်တဲ့ အလုပ်သမားကောင်းလို့ ဆိုပါတယ်။

‘y’ ကို ကျစ်ကျစ်လျစ်လျစ်လေး ရေးတတ်တဲ့လူက မိတ်ဆွေအပေါင်းအသင်းကို ဂရုတစိုက်ရွေးချယ်ပေါင်းလေ့ရှိပြီး ‘y’ ကို ဗြက်ကျယ်ကျယ်ရေးတတ်တဲ့လူတွေက မိတ်ဆွေသူငယ်ချင်းပေါများတယ်လို့ ဆိုပါတယ်။ Y ကို အရှည်ကြီးရေးတတ်တဲ့ လူတွေကတော့ ခရီးသွားလာရတာ နှစ်ခြိုက်ပြီး Y ပုပုသမားတွေကတော့ အိမ်တွင်းအောင်းရတာပဲ ခိုက်ပါတယ်။

‘i’ ရဲ့ အပေါ်ကအစက်ကို စက်ဝိုင်းသဏ္ဍာန်ရေးတတ်တဲ့လူတွေက ပျော်ပျော်နေတတ်ပြီး အနုပညာခံစားတတ်သူတွေဖြစ်ပါတယ်။ ‘i’ အပေါ်က အစက်ကို ဖြည့်ခြယ်ရေးတတ်တဲ့လူတွေက အသေးစိတ်အချက်အလက်လေးတွေကစ ဂရုစိုက်သတိထားတတ်တဲ့လူတွေ ဖြစ်ပြီး ပစ်စလက်ခတ်မနေတတ်ပါဘူး။

‘t’ ကို အပေါ်ပိုင်းမှာ ဖြတ်တတ်တဲ့လူတွေက ရည်မှန်းချက်ကြီးမားသလို ကိုယ့်ကိုကိုယ်အထင်ကြီးတတ်သူတွေဖြစ်ပါတယ်။ ‘t’ ကို အောက်ပိုင်းထိ ရောက်အောင်ဖြတ်တတ်တဲ့လူတွေကတော့ ဘ၀ရည်မှန်းချက် မကြီးမားသလို မိမိကိုယ်ကိုသိမ်ငယ်စိတ်များတယ်လို့ သိရပါတယ်။

သင့်ရဲ့ လက်ရေးကိုလည်း ပြန်ကြည့်ကြည့်ဦးနော်။
TrendMyanmar

No comments:

Post a Comment