Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, August 21, 2015

ဧရာဝတီတိုင်း သလပ်ခွါသစ်တောကြိုးဝိုင်းမှ ဖမ်းမိသော ဖွတ်ဖြူ ကြီးကို နေပြည်တော်သို့ ပင့်ဆောင်မည်


သြဂုတ်လ ၂၁

ဧရာဝတီတိုင်း သလပ်ခွါသစ်တောကြိုးဝိုင်းမှာသြဂုတ်လ၁၉ရက်နေ့က အရှည်၎ပေ ၆လက္မ
လုံးပတ်၁၇လက္ခခွဲခန့်ရှိသော ဖွတ်ဖြုကြီးတကောင်ကိုမျှစ်လာတူးသော ပိန်ဇလုပ်ကျေးရွာမှ မောင်မြင့်သန်း ကဖမ်းမိခဲခြင်းဖြစ်ပြီး တာဝန်သိစိတ်ဖြင့်သလပ်ခွါသစ်တောကြိုးဝိုင်းမှ တောခေါင်ဦးသိန်းဖေ ထံ
လာရောက်အပ်နှံခဲ့ကြောင်း အဆိုပါ ရှားပါးဖွတ်ဖြုကြီးဖမ်းမိသောသတင်းကို ပဲခူးတိုင်းဝန်ကြီးဦးဥာဏ်ဝင်း မှ
လာရောက်ကြည့်ရှု့ပြီး နေပြည်တော်ရှိဆင်ဖြုတော်များထားရှိရာ အဆောင်တော်တွင်
ပင့်ဆောင်ရန် ပြောကြားခဲ့ကြောင်းသတင်းရရှိပါသည်။

မြန်မာဘုရင်များလက်ထက်တွင် ဆင်ဖြုတော်များကိုတန်ဘိုးထားသကဲ့သို့ ဖွတ်ဖြုတော်များကိုလဲ
တန်ဘိုးထားခဲ့ကြောင်း ငါးစီးရှင်ကျော်စွာလက်ထက်ကပုပ္ပားခရိုင်တွင်ဖမ်းမိခဲ့သော ဖွတ်ဖြုတော်ကြီးမှာလဲ
မြန်မာရာဇဝင်တွင် ပထမဦးဆုံးဖမ်းမိသောဖွတ်ဖြုကြီးဖြစ်ကြောင်း ကုန်းဘောင်ရာဇဝင်အတွဲ၂
အခန်း၃တွင် မှတ်တမ်းတင်ထားကြောင်းသိရပါသည်။

ယခုဖမ်းမိသော ဖွတ်ဖြုတော်ကြီးမှာ မြန်မာနိုင်ငံတွင်ဒုတိယဖမ်းမိသော ဖွတ်ဖြုတော်ကြီးဖြစ်ကြောင်း
မြန်မာ့သစ်တောပညာရှင်ဒေါက်တာနိုင်မင်းထွန်း မှပြောကြားခဲ့ပြီး ဖွတ်ဖြုတော်၏ ကြန်အင်လက္ခဏာမှာ
မျက်လုံး ပန်းရောင် ၊ မျက်ခွံ ပန်းရောင်ရှိပြီးအရေခွံမှာ ပန်းရောင်နီ ၊ ခြေသည်းခွံအနီရောင်
ကျောကုန်းမှာ ဌက်ပျောဖူးကိုင်းသဏ္ဍန်ရှိပြီးအမြီးမှာ ဆင်စွယ်ဖြောင့်ပုံစံနှင့် ပြည့်စုံသဖြင့်
ငါးစီးရှင်ကျော်စွာလက်ထက်မှာ ဖမ်းမိသောဖွတ်ဖြူတော်ကြီး ထက် ကြန်အင်လက္ခဏာမှာ
ပိုပြီးပြည့်စုံကြောင်း လည်းကောင်းကပင် ဆက်လက်ပြောကြားခဲ့ပါသည်။

မြန်မာရာဇဝင်ထဲတွင် ဖွတ်ဖြုတော်ဖမ်းမိပါကတိုင်းပြည်၌မင်းကောင်းမင်းမြတ် ပေါ်ထွက်မည်ဖြစ်ပြီး
ဆန်စပါးပေါများကာ လယ်ယာမြေများဖြစ်ထွန်းမည်ဖြစ်ကြောင်း တိုင်းပြည်တွင် ရာသီဥထုဖောက်ပြန်မှု
ကင်းစင်ပြီး အရှေ့ဖျားတိုင်းပြည်များနှင့် သံတမာန်ရေးပူးပေါင်းဆက်ဆံမှုတိုးတက်နိုင်ကြောင်း
ယောအတွင်းဝန်ဦးဖိုးလှိုင် ရေးသားခဲ့သောသေနကဗျူဟာကျမ်းတွင်ဖော်ပြထားပါသည်။

မြန်မာပြည်ကြီး၏ အတိတ်ကောင်း နိမိတ်ကောင်းဖွတ်ဖြုတော်ကြီးကို သြဂုတ်လ ၂၈ရက်နေ့တွင်
အများပြည်သူကြည့်ရှု့နိုင်ရန် စီစဉ်ပြသသွားမည်ဟုနေပြည်တော်ရှိ လွှတ်တော်နယက ဦးဌေးဦး မှ
ပြောဆိုသွားပါသည်။

ကိုကိုမောင် ( သတင်းထောက်)
အောင်ဇေယျတုဂျာနယ်
https://www.facebook.com/1437035726556010/photos/a.1442491482677101.1073741827.1437035726556010/1616159775310270/?type=1&theater

No comments:

Post a Comment