Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, August 17, 2015

စိတ်ဖိစီးမှုလျှော့ချဖို့ မျက်နှာဖုံးတွေတပ်ဆင်ပြီးအလုပ်လုပ်ခိုင်းတဲ့ တရုတ်ကုမ္ပဏီတစ်ခု

တစ်နေ့တစ်နေ့ ရုံးတက်ရုံးဆင်း အလုပ်ဝင် အလုပ်သိမ်းနဲ့ နေ့တစ်ဒူဝ အ လုပ်တွေနဲ့ ဒီလူတွေ ဒီမျက်နှာတွေ မြင်နေ၊ တွေ့နေ၊ လုပ်ကိုင်နေရလို့ ငြီးငွေ့နေတဲ့ အလုပ်သမားတွေအတွက် တရုတ်ကုမ္ပဏီတစ်ခုက ပတ်ဝန်း ကျင်အသစ်၊ ခံစားမှုအသစ်တွေကို ဝန်ထမ်းတွေအတွက် ဖန်တီးပေးလိုက် ပါတယ်။

တရုတ်နိုင်ငံမြောက်ပိုင်း ဟီဘီးပြည်နယ်က ကုမ္ပဏီတစ်ခုက မန်နေဂျာ၊ ခေါင်းဆောင်၊ အဖွဲ့မှူး၊ အဖွဲ့ဝင် ဝန်ထမ်း၊ အောက်ခြေသိမ်း အစရှိတဲ့သူတွေ ရဲ့ မရိုးတမ်းမျက်နှာတွေ၊ အလုပ်တွေကို လုပ်ကိုင်နေရတာကြောင့်ငြီးငွေ့ စရာကောင်းနေတဲ့ဆက်ဆံရေး မျက်နှာတွေမှာ ဝန်ထမ်းတွေအားလုံးကို မျက်နှာဖုံး တွေ တပ်ဆင်ပြီး အလုပ်လုပ်စေခိုင်းခဲ့ပါတယ်။

လစဉ်တိုင်းရဲ့ Relaxion day လို့သတ်မှတ်ထားတဲ့ ရက်တွေမှာ ဝန်ထမ်း တွေ အားလုံးကို မျက်နှာဖုံးအဖြူရောင်တွေတပ်ဆင်ပြီးရုံးတက် အလုပ်လုပ် ကြရမှာပဲဖြစ်ပါတယ်။ မန်နေဂျာကနေ သန့်ရှင်းသမားတွေအထိ အားလုံးက တပ်ဆင်ကြရမှာဖြစ်ကာ သင်တန်းပို့ချခြင်း၊ အစည်းအဝေးပွဲများလုပ်ခြင်း၊ အလုပ်တွဲဖက်ကုမ္ပဏီများနဲ့ သွားရောက်တွေ့ဆုံခြင်း၊ ဖောက်သည်များနဲ့ စကားပြောကြားခြင်းတို့မှာတောင် အပြုံးဆောင်တဲ့ ဒီမျက်နှာဖုံးတွေကို တပ်ဆင်ထားရမှာဖြစ်ပါတယ်။

ဒီလိုမျိုးလုပ်ဆောင်ရတဲ့ ရည်ရွယ်ချက်က အလုပ်ရေရှည်လုပ်ကိုင်လာရတဲ့ ဝန်ထမ်းတွေမှာ အခက်အခဲအမျိုးမျိုးကြောင့် စိတ်ဖိစီးမှုများ၊ စိတ်မပျော်ရွှင်ရ ခြင်းများ ဖြစ်သည့်တိုင်အောင် ဒီမျက်ဖုံးတွေက ဖုံးကွယ်ပေးထားပြီး ဘေး ပတ်ဝန်းကျင်ကလူတွေ ထိတွေ့ဆက်ဆံရတဲ့လုပ်ငန်းခွင်မှာ စိတ်ဖိစီးမှုအ နည်းငယ် ပြေလျော့သွားမှာဖြစ်ပါတယ်။

Phothutaw

No comments:

Post a Comment