ဧရာဝတီ
နိုင်ငံတ၀ှမ်း ရေဘေးသင့်ပြည်သူများအတွက် ကမ္ဘောဇဘဏ် ဥက္ကဋ္ဌ ဦးအောင်ကိုဝင်း၏ “ကမ္ဘောဇအုပ်စု အနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်း” က ကျပ်ငွေ ၂ ဘီလျံကျော် (သိန်း ၂၀,၀၀၀) ကျော်လှူဒါန်းခဲ့ရာ ပုဂ္ဂလိကအနေဖြင့် အများဆုံးလှူဒါန်းခဲ့သူ မြန်မာ့စီးပွားရေးလုပ်ငန်းရှင်တဦးဖြစ်လာခဲ့သည်။
သူပိုင် Air KBZ လေကြောင်းလိုင်းကို အသုံးပြု သယ်ယူပို့ဆောင်ပေးခြင်း၊
တခြားသော လိုအပ်သည်များကိုဆောင်ရွက်ပေးခြင်း နှင့်ပါ ဆိုလျှင်
အမေရိကန်ဒေါ်လာ ၃သန်းကျော် လှူဒါန်းသုံးစွဲခဲ့ပြီးဖြစ်သည်ဟု သိရသည်။
လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်နေသည့် ဒေသများ ရေဘေးကယ်ဆယ်ရေးသို့ Air KBZ အထူးလေယာဉ်အသုံးပြု ခဲ့သလို၊ ပြီးခဲ့သည့် ရက်ပိုင်းက ရခိုင်ပြည်နယ် စစ်တွေ၊ မြောက်ဦးဒေသ၊ ချင်းပြည်နယ် ဟားခါးဒေသ၊ စစ်ကိုင်းတိုင်း ကလေးမြို့တို့သို့ သွားရောက်ကာ လှူဒါန်းခဲ့သည်။
သူတည်ထောင်ထားသည့် ကမ္ဘောဇအုပ်စုအနာဂတ်အလင်း တန်းမြန်မာဖောင်ဒေးရှင်း သည် ရေဘေးသင့် ဒေသများ၌ အရေးကြီး သည့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ဆက်လက်လုပ်ဆောင်ကာ လှူဒါန်းဦးမည်ဟု သိရသည်။

No comments:
Post a Comment