Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, August 3, 2015

ရိက္ခာများပျက်စီး၍ ဂန္ဒာရီပရဟိတကျောင်းသားကျောင်းသူ ၂၂၅ ဦး ထမင်းတစ်နပ်စားနေရ



 ရန်ကုန်၊ သြဂုတ် ၂

 ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့၊ အမှတ် (၁) ရက်ကွက်၊ အထက်တန်းကျောင်း အနီး တည်ရှိသော ဂန္ဒာရီ ပရဟိကျောင်းမှ ကျောင်းသား ကျောင်းသူ ၂၂၅ ဦးသည် ရေဘေးဒဏ်ကြုံတွေ့ရပြီးနောက်ပိုင်း ထမင်း တစ်နပ်သာ စားရေကြရကြောင်း ယင်းကျောင်းဆရာတော်က နိရဉ္စရာသို့ ဖုန်းဖြင့် အကြောင်းကြားလာသည်။

ဇူလှိုင်လ ၂၉ ရက်နေ့ ညဥ့်အချိန်တွင် ချက်ချက်း ရေတက်လာပြီး ကျောင်းတစ်ခုလုံး နစ်မြုပ်သွားခဲ့ကာ စုဆောင်းထားသော ရိက္ခာများအားလုံးလည်း ပျက်စီးသွားသည်ဟု ပြောဆိုသည်။

“ ဦးဇင်းကျောင်းတစ်ခုလုံး ရေနစ်သွားခဲ့ပါတယ်။ ကျောင်းရိက္ခာတွေ အကုန်လုံး ပျက်စီးပါတယ်။ အခု ကျောင်းသား ကျောင်းသူ ၂၂၅ ဦး ထမင်းမငတ်ရုံ တမယ် ဖြစ်နေပါပြီ။ မနက်စားရင် ညမစားရဘူး။ ညစားရင် မနက် မစားရဘူး။ အဲသလိုမျိုး ဖြစ်နေပါတယ်။ အကူအညီတွေ အမြန်လိုအပ်နေပြီ တကာကြီး” ဟု ဦးဇင်း အာဒိစ္စက ပြောသည်။

ဇူလှိုင်လ ၃၀ ရက်နေ့က ရေကြီး၍ ကျောင်းသား ကျောင်းသူများ အခက်အခဲများ ဖြစ်နေကြောင်းကို သက်ဆိုင်ရာ မြို့နယ် အုပ်ချုပ်ရေးမှူးအပါအ၀င် ဌာနဆိုင်ရာ လူကြီးများသို့ အကြောင်းကြားခဲ့သော်လည်း ယနေ့တိုင် ဖြေရှင်း ပေးခြင်း မရှိသေးကြောင်း ပြောဆိုသည်။

မုန်တိုင်းကြောင့် ရေတက်ပြီး မြို့နယ် တစ်ခုလုံးတွင် စားနပ် ရိက္ခာများ ပျက်စီးနောက် ဘူးသီးတောင်တွင် ဆန်ဈေးများ အဆမတန် မြှင့်တက်သွားပြီး ဆန်ကြမ်း တစ်အိတ် သုံးသောင်းထိ ဈေးပေါက်နေသည်ဟု ဆိုသည်။

“ ဦးဇင်းတို့မှာက ဆန်သုံးလစာထိ လှောင်ထားတာ။ အခု အကုန်လုံးပျက်တယ်။ ဆန်ကြမ်းဈေးက တစ်အိတ် သုံးသောင်းထိ တက်သွားတယ်။ ဒါကြောင့် ဆန်အကူအညီတွေ လိုနေတယ်။ နောက်တစ်ခုက ကျောင်းသားတွေမှာ စာအုပ်တွေလည်း အကုန်လုံးပျက်စီးတယ်။ စာအုပ်စာတန်းတွေလည်း လိုအပ်နေပါတယ်” ဟု အရှင် အာဒိစ္စက ပြောဆိုသည်။

ဂန္ဒာရီ ပရဟိကျောင်းတွင် တိုင်းရင်းသားကျောင်းသားလူငယ် အများအပြားတက်ရောက်နေသော ကျောင်းဖြစ်ပြီး အများစုမှာ ကျေးလက်တောရွာများမှ ကျောင်းမနေနိုင်သော ကလေးငယ်များ ဖြစ်ကြောင်း သိရသည်။

Arakan State
https://www.facebook.com/NarinjaraNews

No comments:

Post a Comment