Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, August 3, 2015

အမေရိကန် က လျှို့ဝှက် ထောက်လှမ်းမှုများ လုပ်ဆောင်ခဲ့ပါက တုံ့ပြန်မည်ဟု ဂျပန်ပြောကြား





တိုကျို ၊ ၃-၈-၂၀၁၅

အမေရိကန် အမျိုးသား လုံခြုံရေး အေဂျင်စီ NSA က ဂျပန်အစိုးရ အပေါ် လျှို့ဝှက် ထောက်လှမ်းမှုများ လုပ်ဆောင် ခဲ့သည်ဟူသော WikiLeaks သတင်း ဝက်ဘ်ဆိုက်၏ ထုတ်ပြန်ချက် မှန်ကန်ခဲ့ ပါက အမေရိကန် အစိုးရအပေါ် တုံ့ပြန် သွားမည်ဟု ဂျပန်အစိုးရ က ပြောကြား လိုက်ကြောင်း ဒေသတွင်း သတင်းဌာန တစ်ခုက သြဂုတ် ၁ ရက်တွင် ထုတ်ပြန်သည်။

NSA သည် ဂျပန်အစိုးရ အဖွဲ့ဝင် ဝန်ကြီး ဌာနရုံးများ၊ ဘဏ်များ၊ ဘဏ္ဍာရေးနှင့် ကုန်သွယ်ရေး ဝန်ကြီးများ၊ ဂျပန် ပုဂ္ဂလိက ကုမ္ပဏီများ အပါအဝင် ဂျပန်နိုင်ငံ အတွင်းရှိ ပစ်မှတ် ၃၅ ခု၏ ဖုန်းပြောဆိုမှု များကို ကြားဖြတ် ခိုးယူ နားထောင် ခဲ့ကြောင်း WikiLeaks သတင်း ဝက်ဘ်ဆိုက်က ဇူလိုင် ၃၁ ရက်တွင် ဖော်ပြ ခဲ့ပြီးနောက် ဂျပန်အစိုးရ က တုံ့ပြန် ပြောကြားခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် NSA သည် ဂျပန် ဝန်ကြီးချုပ် ရှင်ဇိုအာဘေး ၂ဝဝ၆ ခုနှစ်အတွင်း အစိုးရ အဖွဲ့ဝင် ဝန်ကြီးအဖြစ် ပထမဆုံး တာဝန် ထမ်းဆောင်စဉ် အချိန်က နောက်ကြောင်း ရာဇဝင်များကို လျှို့ဝှက် ထောက်လှမ်း ခဲ့သည့်အပြင် ဂျပန်ထိပ်တန်း အစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၏ ဖုန်းပြောဆိုမှု များကို ခိုးယူ နားထောင်မှုမှ ရရှိသည့် သတင်း အချက်အလက် များကို သြစတြေးလျ၊ ကနေဒါ၊ ဗြိတိန်၊ နယူးဇီလန် စသည့် အမေရိကန် နိုင်ငံ၏ ထောက်လှမ်းရေး မဟာမိတ် လေးနိုင်ငံ သို့ ဖြန့်ဝေခဲ့ကြောင်း အဆိုပါ သတင်းဝက်ဘ်ဆိုက် က ဆက်လက် ဖော်ပြထားသည်။ သို့သော် ဂျပန် အစိုးရသည် အဆိုပါ သတင်း ထုတ်ပြန်ချက် များနှင့် ပတ်သက်၍ အတည်ပြု နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

#PyiChitThar

No comments:

Post a Comment