Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, August 11, 2015

" ကြမ်းပိုးကိုက်လို့ စိတ်ညစ်နေကြသလား "






လူများများ နေကြရတဲ့ဆေးရုံ၊ အချုပ်ခန်း၊ စာသင်ကျောင်း၊ဘော်ဒါ၊
စာသင်တိုက်၊ မီးရထား၊ထောင် စတာတွေမှာကြမ်းပိုးရန်ကြောင့်
စိတ်ညစ်နေရပါတယ်အဲဒီလောက်တောင်ဒုက္ခပေးနေတဲ့
ကြမ်းပိုးကို အမျိုးမျိုးသောနည်း၊ အမျိုးမျိုးသောဆေးဝါးတွေနဲ့
အကြိမ်ကြိမ်နှိမ်နင်းခဲ့ကြပါတယ်။
-
ခေါင်းမူးတာပဲ အဖတ်တင်ပါတယ်။ကြမ်းပိုးသတ်ဆေးရောင်းသူတွေက
တိုက်ဆောက်ပြီး ကြမ်းပိုးတွေကသာပိုဝလာကြပါတယ်။
-
ခု တော့ နည်းကောင်းရပါပြီ။
-
တစ်ဘူး ၅၀၀ ကျပ်သာပေးရတဲ့ ဖူဂျီကရင်ဆပ်ပြာ နဲနဲကော်ပြီးရေနဲ့ဖျော်ပါ
တယ်။ပြီးတော့ ဆေးထိုးပိုက်တစ်ချောင်းရှာပြီး ကြမ်းကြားတွေထဲ
ထိုးပန်းလိုက်ရာကြမ်းပေါ်တက်လာပြီး ဖင်ကြီးတွေထောင်သေလိုက်ကြတာ
တစ်စက္ကန့်လောက်အတွင်းမှာ အတုံးအရုန်းပဲ။
-
ပိုက်ရှာမရရင် ဖလားထဲ အဝတ်နှစ်ပြီး အဝတ်ကိုကြမ်းကြားထဲ
ညှစ်ချရင်လဲရပါတယ်။
-
တစ်အိမ်လုံး တစ်ကျောင်းလုံးဖျန်းမယ်ဆိုရင်တော့ ဆေးဖျန်းပုံးနဲ့
ကြမ်းကြားပေါ်ရော ကြမ်းအောက်ကဆင့်ကြားတွေပါ ဖျန်းပက်ပါ။
-
လွယ်လွယ်နဲ့။ ငွေကုန်သက်သာစွာနဲ့ ကြမ်းပိုးမျိုးပြုတ်သွားမှာပါ။
ကဲ ကြမ်းပိုးကိုက်လို့ စိတ်ညစ်နေကြသူများ ခုလက်တွေ့ စမ်းကြည့်လိုက်ပါ။
=========
မောင်ဘို

April Maung Maung

No comments:

Post a Comment