Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, August 20, 2015

ဧရာဝဏ် ဗုံးပေါက်ကွဲမှု သတင်းအသေးစိတ် ထုတ်ပြန်


  ထိုင်းနိုင်ငံ ဘန်ကောက်မြို့လယ်က ဧရာဝဏ်လေးမျှက်နှာ နတ်ကွန်းမှာ တနင်းလာနေ့က လူ၂၀ သေဆုံးခဲ့ရတဲ့ ဗုံးပေါက်ကွဲခဲ့မှုနဲ့ ပတ်သက်လို့ ထိုင်းရဲတွေက အသေးစိတ်အချက်အလက်တွေ ထုတ်ပြန်လိုက်ပါတယ်။

စီစီတီဗွီ လုံခြုံရေးကင်မရာ မြင်ကွင်းတွေပေါ်မှာ တွေ့ရတဲ့ လူ ၃ ဦးဟာ ဒီဗုံးပေါက်ကွဲမှုမှာ ပါဝင်ပတ်သက်နေတယ်လို့ ရဲက ယူဆနေပါတယ်။

ထိုင်းအစိုးရ လက်ထောက်ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ် ၀ီရာချွန် စူကွန်တာပက်တီပက်က လုံခြုံရေးကင်မရာ မြင်ကွင်းတွေအရ အင်္ကျီအ၀ါဝတ်ထားတဲ့ ကျောပိုးအိတ်နဲ့လူဟာ နိုင်ငံခြားသားလို့ ယူဆရကြောင်း၊ ဒါပေမယ့် ဒီလူတစ်ယောက်တည်း မဟုတ်ဘဲ သူနဲ့အတူ ထိုင်းလူမျိုးတွေပါ ဒီကိစ္စမှာ ပူုးပေါင်းလုပ်ဆောင်တာ ဖြစ်နိုင်ကြောင်း ပြောကြားခဲ့ပါတယ်။

ဧရာဝဏ်နတ်ကွန်းနားမှာ အဲဒီလူအတွက် ကျန်တဲ့လူ ၂ ဦးက နေရာဦးပေးခဲ့ပြီး သူထိုင်တဲ့အချိန်မှာ ကာကွယ်ပေးခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနောက်မှာတော့ ကျောပိုးအိတ်ကို ချပြီး ထွက်သွားကြောင်းနဲ့ အဲဒီနောက် မိနစ်ပိုင်းမှာပဲ ပေါက်ကွဲမှုဖြစ်ခဲ့တာလို့ ဆိုပါတယ်။

အခုအခါ အဲဒီကျောပိုးအိတ်နဲ့လူကို ဖမ်းဝရမ်းထုတ်ထားတယ်လို့ သိရပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese

No comments:

Post a Comment