Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, August 18, 2015

ကင်ညာနိုင်ငံက အမျိုးသား ကင်းမဲ့ဇုန် အကြောင်းသိကောင်းစရာများ



ကင်ညာနိုင်ငံက ဒီနေရာလေးမှာတော့ လွန်ခဲ့တဲ့ ၂၅ နှစ်ကတည်းက အမျိုးသားကင်းမဲ့ဇုန် တစ်ခုဖြစ်နေခဲ့ပြီး 
ဘာကြောင့် အမျိုးသား မရှိရတာလဲဆိုတာကတော့ သင့်တော်တဲ့ အကြောင်းပြချက်တစ်ခု ရှိနေပါတယ်။

Umoja လို့ခေါ်တဲ့ ရွာလေးမှာ နေထိုင်သူတွေဟာ ဖခင်ကြီးစိုးတဲ့ လူနေအုပ်ချုပ်မှု စနစ် ရဲ့ အကျိုးဆက်က
 နေဖြစ်ပေါ်လာတဲ့ ကြောက်မက်ဖွယ်ကောင်းတဲ့ အကြမ်းဖက်မှုတွေကို ရှင်သန်ခဲ့ကြသူတွေဖြစ်ပါတယ်။ 
သူတို့ဟာ မုဒိမ်းကျင့်ခံရခြင်း ၊ အသက်အပြည့်ခင် အတင်းအကြပ် လက်ထပ်စေ ခိုင်းခံခဲ့ရခြင်း ၊ အိမ်တွင်း
အကြမ်းဖက်မှု စတာ တွေကို ရှင်သန်ကျော်ဖြတ်လာခဲ့ကြသူတွေပဲ ဖြစ်ပါတယ်။

၁၉၉၀ ခုနှစ်ခန့်က စတင်ပြီး ပေါ်ပေါက်လာခဲ့တဲ့ ထို ရွာ လူ့အဖွဲ့အစည်းလေးဟာ အကြမ်းဖက်မှုများလည်း 
ကင်းရှင်းပြီး လက်ရှိမှာ အမျိုးသမီး နဲ့ ကလေးငယ် ၂၄၇ ယောက်  နေထိုင်နေကြတယ်လို့ သိရပါတယ်။ 
ထိုရွာမှာတော့ စစ်သားတွေ မုဒိမ်းကျင့်တဲ့ ခံခဲ့ရတဲ့ အမျိုးသမီး ၁၅ ဦးက ရွေးချယ်တင်မြှောက်ထားတဲ့ 
Seita Lengima ဆိုတဲ့ အမျိုးသမီးကို ထို ရွာကို အုပ်ချုပ်မှုတွေလုပ်ခဲ့ရာကနေ ဒီနှစ်မှာ ၂၅ နှစ် ပြည့်ခဲ့ပါတယ်။

"အပြင်လောကမှာတော့ အမျိုးသမီးတွေဟာ အမျိုးသားတွေ အုပ်ချုပ်တာခံနေရပါတယ်။ ဒါကြောင့် သူတို့မှာ 
ဘာအခွင့်အရေးမှ မရှိပါဘူး" လို့ သူမက Guardian သတင်းဌာနကို ဆိုပါတယ်။ ထိုရွာမှာနေထိုင်တဲ့ အမျိုး
သမီးတွေဟာ လက်ဝတ်ရတနာများရောင်းချခြင်းနဲ့ စီးပွားရှာကြပြီး ကမ္ဘာလှည့်ခရီးသွားတွေလာရောက်
လည်ပတ်လေ့ရှိတဲ့ နေရာတစ်ခုလည်းဖြစ်ပါတယ်။

Umoja ရွာဟာ အမျိုးသားလုံးဝ ဆန့်ကျင်ထားတာတော့မဟုတ်ပါဘူး။ လာရောက်လည်ပတ်တဲ့ ခရီးသွားတွေ
ထဲမှာ အမျိုးသားတွေပါလာတဲ့အခါ ခွင့်ပြုပေးပါတယ်။ ဒါပေမယ့် ရက်ရှည်တော့ တည်းခိုခွင့်မပြုပါဘူး။ 
ထိုရွာကို စတင်တည်ထောင်ခဲ့တာလည်း အထက်မှာဖော်ပြခဲ့တဲ့ အမျိုးသမီး ၁၅ ယောက်ကပဲ တည်ထောင်
ခဲ့တာဖြစ်ပါတယ်။

ထို ရွာလေးရဲ့ ယဉ်ကျေးမှု အနေအထားကတော့ တောတွင်း လူရိုင်းများနဲ့ ဆင်တူပြီး ထိုရွာမှာ မိသားစု ၁၀ ခု 
ခန့်သာ နေထိုင်ကြတာဖြစ်ပါတယ်။ အမျိုးသမီး ၄၇ ယောက်သာ ရှိပြီး ကလေးငယ် အယောက် ၂၀၀ ရှိတယ်
လို့လည်း သိရပါတယ်။



( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Metro

No comments:

Post a Comment