Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, August 1, 2015

ဗြိတိန်မှ ဆေးပညာဘွဲ့ပေးမည့် ပုဂ္ဂလိက ကောလိပ်တစ်ခု မကြာမီဖွင့်မည်ဟုဆို


Byယမင်း


ဗြိတိန်နိုင်ငံမှ ပေးအပ်သောဘွဲ့ရရှိမည့် ကျန်းမာရေး ဘာသာရပ်များကို သီးသန့်သင်ကြားပေးသည့် ပုဂ္ဂလိကကောလိပ်တစ်ခုကို ရန်ကုန်တွင်ဖွင့်လှစ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။


အဆိုပါကောလိပ်ကို ဇူလိုင် လတွင်ဖွင့်လှစ်သွားမည်ဖြစ်ပြီး တက္ကသိုလ်ဝင်တန်းဖြေဆိုအောင် မြင်ပြီး ကျန်းမာရေးလုပ်ငန်းခွင်ကို စိတ်ဝင်စားသူများအတွက် ရည်ရွယ် ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း Oxford Myanmar Medical College (OMMC)မှ Prog-ramme ခေါင်းဆောင် ဒေါက်တာကျော်သီဟကပြောသည်။

‘‘နိုင်ငံတကာနဲ့ဝင်ဆံ့ဖို့ လမ်း ကြောင်းတစ်ခုအနေနဲ့ ဖွင့်တဲ့ သဘောပါ။ ကျောင်းပြီးရင် ယူကေကပေးတဲ့ဘွဲ့တစ်ခုရမယ်။ ပြီးလို့ အဲဒီကမှ ဆက်တက်ချင် တယ်ဆိုရင် ဆေးပညာဘွဲ့ (MBBS)ရမယ်။ ပြီးတော့ နိုင်ငံ ရပ်ခြားတက္ကသိုလ်တွေမှာ ပညာ ဆက်ပြီးသင်လို့ရတယ်။ ဒါမှ မဟုတ် အင်န်ဂျီအိုလိုနေရာတွေ၊ ဆေးဘက်ဆိုင်ရာနေရာတွေမှာ လည်း ဝင်ရောက်အလုပ်လုပ်ကိုင် လို့ရမှာပါ’’ဟု ၎င်းကပြောသည်။

ဘာသာရပ်များအနေဖြင့် ဆေးပညာ၊ အများပြည်သူကျန်း မာရေး၊ စိတ်ပညာနှင့် အဏုဇီဝ ဘာသာရပ်များ သင်ကြားပေးမည်ဖြစ်ပြီး ၂ နှစ်ခွဲတက်ရောက်ရမည်ဖြစ်သည်။

‘‘ဘယ်အမှတ်နဲ့မဆို တက် လို့ရပေမယ့် လောလောဆယ် စကေးမြှင့်ပေးတဲ့ ငါးလသင်တန်း အရင်ပေးမယ်။ ပြီးရင် ပြန်ဆန်း စစ်ပြီးတော့ ဒီပလိုမာတစ်နှစ်ပြီး တစ်နှစ်တက်ရမှာဖြစ်ပါတယ်။ ရှေ့နှစ်တွေမှာလည်း ဘာသာရပ် တွေတိုးချဲ့သွားမယ်။ ပြီးတော့ အခုဖွင့်တဲ့ကောလိပ်ကနေ တက္က သိုလ်ဖြစ်အောင် နောက်ပိုင်းမှာ ဆက်ဖွင့်လှစ်သွားဖို့ရှိတယ်’’ဟု ဒေါက်တာကျော်သီဟက ဆက် လက်ပြောကြားသည်။
http://www.7daydaily.com/story/43166

No comments:

Post a Comment