Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, August 8, 2015

တိတ်တဆိတ်လက်ထပ်လိုက်တဲ့ ဂျနီဖာအန်နစ္စတန်နဲ့ ဂျက်စတင်သရူး


 ဟောလိဝုဒ် သရုပ်ဆောင်များဖြစ်သော ဂျနီဖာအန်နစ္စတန်နှင့် ဂျက်စတင်သရူး တို့သည် ယခုသီတင်းပတ်အတွင်း လော့စ်အန်ဂျလိစ်မြို့၌ တိတ် တဆိတ်လက်ထပ်ခဲ့ကြသည်ဟု မီဒီယာများက ဖော်ပြကြသည်။
အသက် (၄၆)နှစ်အရွယ်ရှိ သရုပ်ဆောင်မင်းသမီး ဂျနီဖာအန်နစ္စတန်နှင့် အသက် (၄၂)နှစ်ရှိ ဂျက်စတင်သရူးတို့သည် သြဂုတ် ၅ ရက်   ညပိုင်းတွင်   ၎င်းတို့၏ Bel Air   နေအိမ်၌     မင်္ဂလာပွဲဆင်နွှဲခဲ့သည်ဟု သတင်းရင်းမြစ်များကဆိုသည်။    ဂျက်စတင်သရူး၏ မွေးနေ့ပါတီပွဲကျင်းပရန် Bel Air သို့ လာရောက်ရန် ၎င်းတို့စုံတွဲက မိတ်ဆွေများနှင့်မိသားစုဝင်များအား ပြောခဲ့သည်ဟုသိရသည်။
‘‘ဂျန်နဲ့ဂျက်စတင်က ဧည့် သည်တွေကို အံ့သြသွားစေချင် တယ်။ တကယ်ပါပဲ။ အားလုံးအံ့ သြသွားကြတယ်’’ဟု သတင်းရင်း မြစ်တစ်ခုက People မဂ္ဂဇင်းအား ပြောသည်။ ၎င်းတို့၏မင်္ဂလာပွဲသို့ ဖိတ်ကြားထားသော ဧည့်သည် ၇၀ ဦးခန့် တက်ရောက်ခဲ့သည်ဟု လည်း အဆိုပါသတင်းရင်းမြစ်က ပြောသည်။
ဂျနီဖာအန်နစ္စတန်နှင့် ဂျက်စတင်သရူးတို့သည် ၂၀၁၁ တွင် စတင်ချစ်ကြိုက်ပြီး ၂၀၁၂ သြဂုတ်တွင် စေ့စပ်ခဲ့ကြသည်။ ဂျနီဖာအန်နစ္စတန်သည် ဂျက် စတင်သရူးနှင့် အိမ်ထောင်မပြုမီ ဟောလိဝုဒ်သရုပ်ဆောင်မင်း သား ဘရက်ပစ်နှင့် ငါးနှစ်တာ ပေါင်းသင်းနေထိုင်ခဲ့ပြီး ၂၀၀၅ တွင် ကွာရှင်းပြတ်စဲခဲ့သည်ဟု သိရသည်။          
   —Ref: UPI
http://7daydaily.com/story/43671

No comments:

Post a Comment