Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, August 25, 2015

တရုတ်ပြည့်တန်ဆာမယ်များရဲ့ လျို့ဝှက်ဘ၀တွေကို ထုတ်ဖော်ပြောပြလိုက်တဲ့ ပုံရိပ်များ

တရုတ်ပြည်မှ ပြည့်တန်စာမယ်များရဲ့ အလုပ်အခြေအနေနှင့် ဘ၀များကို ဖွင့်ဟလိုက်တာကတော့
လီကွင်ဆိုသူ ဓာတ်ပုံဆရာတဦးရဲ့ ၇ နှစ်တာ ဓာတ်ပုံစီမံကိန်းတခုလို့ဆိုရပါမယ်။ ဒါဟာ တရုတ်ပြည်ရဲ့ ဆင်းရဲနွမ်းပါးခြင်းကို မြှင့်တင့်ဖို့ရန် ကြိုးစားတာလည်းဖြစ်ပါတယ်။ အဲ့ဒီ ဓာတ်ပုံစီမံကိန်းကတော့ ပြည့်တန်ဆာမယ်များရဲ့ အခန်းကျဉ်းထဲက ဘ၀နေထိုင်မှုပုံစံများကို ရိုက်ပြထားတဲ့ ဓာတ်ပုံများပါ။

တရုတ်ပြည်ရဲ့ မြို့အများအပြားမှာ ဒီလို ပြည့်တန်ဆာလုပ်ငန်းတွေကို တွေ့မြင်နိုင်ပါတယ်။အခုလို ပြည့်တန်ဆာ လုပ်ငန်းကို လုပ်ကိုင်နေကြရခြင်းဟာ ကျေးလက်တောရွာနေသူတွေရဲ့ ဆင်းရဲနွမ်းပါးလှတဲ့ အနေအထား တွေက အခြေခံလာတာပါ။ အမျိုးသမီးအများအပြားရဲ့အဆိုအရ ပညာရေးအခြေအနေနိမ့်ပါးမှုနဲ့ ဆင်းရဲနွမ်းပါးရခြင်းတို့ကြောင့် အခုလို ပြည့်တန်ဆာအလုပ်တွေနဲ့သာ ရင်ဆိုင်လုပ်ကိုင်နေရခြင်းဖြစ်တယ်လို့ သိရပါတယ်။

မကြာခဏဆိုသလို ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းရဲ့ ပြင်းထန်တဲ့ ကဲ့ရဲ့ပြစ်တင်ရှုံချမှုတွေနဲ့ ရင်ဆိုင်နေရတဲ့ သူတို့အတွက် အခုလို ဓာတ်ပုံဆရာ လီကွင်ရဲ့ ဓာတ်ပုံတွေဟာ ကောင်းမွန်တဲ့ အနာဂတ်တွေ ဖြစ်လာမယ်လို့ ယုံကြည်နေကြပါတယ်။

တရုတ်နိုင်ငံရဲ့ပြည့်တန်ဆာမယ်တွေဟာ အခုလို တရားမ၀င်လုပ်ငန်းတခုကို လျို့ဝှက်စွာလုပ်ကိုင်နေရပေ မယ့် သူတို့ရဲ့ ပုံမှန်အလုပ်တခုလိုဖြစ်လာရခြင်းရဲ့ အကြောင်းအရင်းက ကြောက်ရွံ့မှုတွေ အန္တရာယ်တွေ
ကြားကပဲ အဖော်မဲ့အထီးကျန်တဲ့ဘ၀တူတွေချင်း ရဲဘော်ရဲဘက်တွေဖြစ်လာရခြင်းပါ။

အဆိုပါ ဓာတ်ပုံမျာထဲက ဇီယိုမင် ဆိုသော အမျိုးသမီးငယ်တဦးကတော့ ပြည့်တန်ဆာအလုပ်ကို လုပ်ကိုင် ပြီးနောက် ၂၀၁၃ ခုနှစ်မှာ လက်ထပ်သွားခဲ့ပါတယ်။ ထို့နောက် သူမဟာ Zhejiang ပြည်နယ် Hangzhou မှာ ပိုးထည်ဆိုင် ဖွင့်လှစ်ထားခဲ့ပါတယ်။ ဓာတ်ပုံဆရာ လီကွင်ရဲ့ CFP သို့ ကိုးကား ပြောဆိုချက်အရ အ ဆက်အသွယ်ပြတ်တောက်သွားခဲ့တဲ့ အခြားသော အမျိုးသမီးငယ်အများအပြားလည်း ရှိတယ်လို့ သိရပါ တယ်။

Ref: CCTV news
ဧရာဝတီ







No comments:

Post a Comment