Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, August 10, 2015

မိသားစုဝင် (၃) ဦးကို သတ်ဖြတ်ခဲ့သည့် ဖခင်အား ထောင်နှစ် (၄၀) ချ

မန္တလေး
K.W.M
မိန်းမနှင့် သမီးအရင်း သုံးဦးအား သတ်ဖြတ်ခဲ့သည့် အဖေဖြစ်သူအား ထောင်ဒဏ်နှစ် (၄၀) ချမှတ် လိုက်ကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မူးရုံးထံမှ သိရသည်။
အိမ်အမှတ် ၁/၅၄၆၊ ကော့သုန် (၃) လမ်း၊ အမှတ် (၁) ရပ်ကွက်၊ လောက်ကိုင်မြို့တွင် နေထိုင်သော တရားခံ ရန်ပြု (၃၁) နှစ်၊ ကိုးကန့်လူမျိုး၊ နတ်ကိုးကွယ်သူသည် ၎င်း၏ အမျိုးသမီးဖြစ်သူ ရန်ရှောက်ကျိန်း (၃၂) နှစ်၊ သမီးဖြစ်သူ ရန်နီရှန်း (၇)နှစ်၊ ရန်နီထောင် (၃)နှစ်နှင့် ရန်နီသုန်း (၁) နှစ်တို့အား သြဂုတ်လ (၅) ရက်နေ့ ည တစ်နာရီခွဲ အချိန်ခန့်တွင် အရိုးအသွား တစ်ပေခွဲ၊ ဗျတ်နှစ်လက်မရှိ ထင်းခုတ်ဓားမဖြင့် လည်ပင်းအား ခုတ်ထစ်ခဲ့သောကြောင့် အဆိုပါ (၄) ဦးတို့မှာ နေရာတွင်ပင် သေဆုံးသွားခဲ့သည်။ ၄င်းအမှုနှင့် ပတ်သက်၍ တရားခံဖြစ်သူ ရန်ပြု (၃၁) နှစ်အား လောက်ကိုင်မြို့မ ရဲစခန်းတွင် ပ ၇၄/ ၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ -၃၀၂ အရ အရေးယူ ဆောင်ရွက်ခဲ့သည်။
စစ်အုပ်ချုပ်ရေး နယ်မြေ ဖြစ်သော လောက်ကိုင်မြို့ရှိ စစ်ခုံရုံးတွင် သြဂုတ်လ (၇)ရက်နေ့၌ တရားခံဖြစ်သူ ရန်ပြု (၃၁) နှစ်အား ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ-၃၀၂ အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ် နှစ် (၄၀) ချမှတ်လိုက်ကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မူးရုံးထံမှ သိရသည်။
Copy from Golden Peafowl

No comments:

Post a Comment