Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, August 12, 2015

စွန့်ပစ် အညစ်အကြေး အရည်များ စီးဝင်မှုကြောင့် ကော်လိုရာဒိုမြစ်ရေ အဝါရောင်သို့ပြောင်း



Health impact of Animas River toxic spill: 'This is a real mess'


ဒန်ဘာ ၊ ၁၂-၈-၂ဝ၁၅

အမေရိကန် ပြည်ထောင်စုရှိ ကော်လိုရာဒိုမြစ် အတွင်းသို့ မကြာသေးမီက အဆိပ် အတောက် ဖြစ်စေသည့် စွန့်ပစ် အညစ်အကြေး အရည်များ စီးဝင်မှု ဖြစ်ပွားခဲ့ရာ မြစ်ရေမှာ အဝါရောင်သို့ ပြောင်းလဲ သွားကြောင်း သိရသည်။

ပြီးခဲ့သည့် ရက်သတ္တပတ်က အဆိုပါ မြစ်အတွင်းသို့ သတ္တုမိုင်းတွင်း ဟောင်းမှ စွန့်ထုတ်သော အညစ်အကြေး အရည် ဂါလံသုံးသန်း စီးဝင်မှု ဖြစ်ပွားခဲ့ကြောင်း၊ စွန့်ပစ် အညစ်အကြေး များမှာ ရေစီးအတိုင်း လျင်မြန်စွာ စီးဆင်းလျက် ရှိရာ ဒေသခံများ အတွက် အန္တရာယ် ဖြစ်စေနိုင်ကြောင်း၊ ဒေသတွင်း အာဏာပိုင် များကလည်း သောက်သုံးရေ ထောက်ပံ့ရေး စနစ်များနှင့် လယ်ယာ စိုက်ပျိုးရေး ခြံများ ဘေးအန္တရာယ် ကင်းရှင်းရန် ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်လျက် ရှိကြောင်း သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်ရေး အေဂျင်စီ EPA က ပြောကြားသည်။

ထို့အပြင် တာဝန်ရှိသူ များသည် အညစ်အကြေး အရည်များ စတင်စီးဝင်ရာ Animas မြစ်ကို ပိတ်ထားပြီး လူများအား မြစ်ရေနှင့် ထိတွေ့ခြင်း မပြုရန် ညွှန်ကြား ထားသည်။ EPA အနေဖြင့် ဒေသခံများနှင့် တွေ့ဆုံပြီး ဒေသတွင်းရှိ ရေတွင်းများတွင် ညစ်ညမ်း သတ္တုဓာတ်များ ရှိ၊ မရှိ စမ်းသပ် ခဲ့ကြောင်း၊ ရှင်းလင်းရေး လုပ်ငန်းများ ဆက်လက် လုပ်ဆောင်ကာ နဂို အခြေအနေသို့ ပြန်လည် ရောက်ရှိနိုင်ရန် ကြိုးပမ်းလျက်ရှိကြောင်း EPA မှ ပြောရေးဆိုခွင့် ရှိသူ ရှန်မက်ဂရက်သ် က ပြောကြားသည်။

အဆိုပါ စွန့်ပစ် အညစ်အကြေး အရည်များ အတွင်း ခဲ၊ စိန်အဆိပ် အပါအဝင် သတ္တုဓာတ် အများအပြား ပါဝင်သည့် အတွက် ကျန်းမာရေး အကျိုး သက်ရောက်မှုများ အပေါ် တာဝန်ရှိ သူများက စောင့်ကြည့် စစ်ဆေးလျက် ရှိကြောင်း သိရသည်။

#PyiChitThar

No comments:

Post a Comment