Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, August 1, 2015

ရေဘေးကယ်ဆယ်ရေးအတွက်အကြံပြုချက်တစ်ခု

 ရာဘာလေမှုတ်လှေတွေက အချွန်အတက်နဲ့ ထိရင် ပေါက်တတ်တယ်။ ဒါပေမယ့် လေအိတ်အကန့် အနည်းဆုံး ၃ခုပါလို့ ချက်ချင်းမမြှုပ်နိုင်ဘူး။ ရေစီးပြင်းရင်လည်း မြောပါသွားတတ်တယ်။ သူ့ရဲ့အားသာချက်က ဈေးသက်သာတာနဲ့ လေလျှော့ပြီး ခေါက်သိမ်းလို့ရတဲ့အတွက် သယ်ရပြုရလွယ်ကူတာပဲ။ တကယ့်အသက်ကယ်လှေတစ်စီးရဲ့ တန်ဖိုးက ဒေါ်လာထောင်ကျော်တယ်။ ရာဘာလှေက ဒေါ်လာတစ်ရာဝန်းကျင်ပဲ ရှိတယ်။ ရေစီးမသန်ပဲ ရေကြီးနေတဲ့နေရာတွေမှာ ရေရင်ဘတ်လောက်ကို သက်ကြီးရွယ်အို၊ ခလေးသူငယ်၊ လူမမာတွေ ကျောပိုးသယ်မယ့်အစား ရာဘာလှေပေါ် ဆန့်သလောက် စုတင်ပြီး ဆွဲသွားတာက ပိုခရီးရောက်တယ်။ အစားအသောက်တွေ၊ ကယ်ဆယ်ရေးပစ္စည်းတွေကို ရေထဲဖြတ်ပြီး ပုခုံးထမ်းသယ်မယ့်အစား လှေပေါ်တင်ဆွဲသွားတာက ပိုသက်သာတယ်။ ရေစူးမရှိတဲ့အတွက် ခြေသလုံးလောက်အနက်မှာလည်း လှော်သွားလို့ရတယ်။ တကယ့်အသက်ကယ်လှေတစ်စီးရဲ့တန်ဖိုးက ရာဘာလှေဆယ်စီးစာဝယ်လို့ရတဲ့အတွက် ရာဘာကျွတ်တောင် အလုံအလောက်မရှိတဲ့ လက်ရှိအချိန်မှာ ကွာလတီကို ကြည့်နေလို့မရဘူး။ မြန်မာနိုင်ငံရဲ့ အနေအထားက ဒီတစ်နှစ်ထဲ ရေကြီးပြီး နောက်ထပ်မကြီးတော့ဘူးလို့ ဘယ်သူမှ အာမမခံနိုင်ဘူး။ ကိုယ်တိုင်သွားပြီး ကယ်ဆယ်ရေးလုပ်နေသူတွေအတွက် အရမ်းအသုံးတည့်သလို လူအများစု ၀ယ်လှူနိုင်တဲ့ ဈေးနှုန်းဖြစ်လို့ ၀ယ်လှူပေးဖို့ တိုက်တွန်းပါရစေ။ မြန်မာနိုင်ငံမှာ ရေကြီးတာ ဒီတစ်နှစ်တည်းနဲ့ ရပ်သွားမယ့်ပုံ မရှိဘူး။ တတ်နိုင်ရင် အိမ်တိုင်း လုံခြုံရေးအနေနဲ့ ဆောင်ထားသင့်တဲ့ ပစ္စည်းဖြစ်ပါတယ်။ အသက်ကယ်လှေဈေးနှုန်းနဲ့ ရာဘာလှေဈေးနှုန်း ကွာဟချက်ကို သိရအောင် ပုံတွေ တင်ပေးလိုက်ပါတယ်။
Myat Thein Tun

No comments:

Post a Comment