Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, August 20, 2015

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် တရားဝင် ဝက်ဆိုက်လွှင့်တင်

၁၉..၈..၁၅
ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ဖြစ် သည့် ဇွန် ၁၉ ရက်နေ့က အစမ်းလွှင့်တင်ခဲ့သည့် အမျိုးသားဒီမိုကရေစီဝက်ဆိုက် http://www.nldofficial.org/ ကို အွန်လိုင်းပေါ်သို့ တရားဝင်လွှင့်တင်
လိုက်ပြီဖြစ်ကြောင်းအဆိုပါပါတီ၏ နည်းပညာတာဝန်ခံ၏ ပြောကြားမှုမှသိရသည်။
-
ပါတီသမိုင်းဝင်ဓာတ်ပုံများ၊ ပါတီဗဟိုနှင့် ပြည်နယ်နှင့်တိုင်း၊ ခရိုင်၊ မြို့နယ်အသီးသီးမှ ပါတီဝင်များ သတင်း၊ လှုပ်ရှားမှုများအသီးသီးကို ယင်းဝက်ဆိုက်တွင် ဖော်ပြပေးသွားမည်ဟုလည်း သိရသည်။
-
"ပါတီဗဟိုတစ်ခုတည်းရဲ့သတင်းပဲမဟုတ်ဘူး။ ပြည်နယ်နဲ့ တိုင်းအသီးသီးက မြို့နယ် တစ်ခုနဲ့ တစ်ခုကို
ဟိုမြို့နယ် က ဘာလုပ်နေတယ် ဆိုတာ ဒီမြို့နယ်က သိစေချင်တယ်။ ဒီမြို့နယ်က ဘာလုပ်နေတယ်ဆိုတာကိုလည်း ဟိုမြို့နယ်က သိစေချင်တယ်။
-
မြန်မာတစ်နိုင်ငံလုံးက ပါတီဝင်တွေ လှုပ်ရှားမှုအားလုံးကို ကွန်ယက်တွေကနေတဆင့် ဝက်ဆိုက်မှာ
 ဖော်ပြပေးမယ်" ဟု ဝက်ဆိုက် နည်းပညာ တာဝန်ခံ ကိုကျော်သီဟက မြန်မာ့ခေတ်ကိုပြောသည်။
-
အဆိုပါဝက်ဆိုက်၏ မိုဘိုင်းဗားရှင်းကို လာမည့် စက်တင်ဘာတွင်
ဆက်လက်လွှင့်တင်သွားမည်ဖြစ်ပြီး လက်ရှိအချိန်တွင် ဇော်ဂျီဖောင့်ဖြင့် ဖတ်ရှုနိုင်မည်သော်လည်း တစ်နှစ်အကြာတွင် ယူနီကုတ်နှင့် English ဘာသာများနှင့်ပါဖတ်ရှုနိုင်ရန် စီစဉ်သွားမည်ဟု သိရသည်။
-
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ဝက်ဆိုက်တည်ထောင်ရန်အတွက် ဦးသိန်းဦး၊ မုံရွာအောင်ရှင်၊ ကိုကျော်သီဟ၊ ကိုနေဘုန်းလတ် နှင့် ဒေါ်ကြည်ဖြူရှင်တို့ပါဝင်သော နည်းပညာအဖွဲ့ကို ဖေဖော်ဝါရီလတွင် ဗဟိုကဖွဲ့စည်းပေးခဲ့ပြီးနောက် ၆ လအကြာတွင်မှ ပါတီ တရားဝင်ဝက်ဆိုက်အဖြစ် လွှင့်တင်နိုင်ခဲ့ခြင်းဖြစ်သည်။
==========
မြန်မာ့ခေတ်

No comments:

Post a Comment