Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, August 2, 2015

၂ဝ၂၂ ခုနှစ်တွင် အိန္ဒိယက တရုတ်ကိုကျော်ဖြတ်၍ ကမ္ဘာ့လူဦးရေ အများဆုံးနိုင်ငံ ဖြစ်လာမည်


INDIA’S POPULATION TO OVERTAKE CHINA BY 2020





နယူးဒေလီ ၊ ၂-၈-၂ဝ၁၅

အိန္ဒိယနိုင်ငံသည် ၂ဝ၂၂ ခုနှစ် အရောက်တွင် လက်ရှိ လူဦးရေ အများဆုံး နိုင်ငံဟု သတ်မှတ်ထား သည့် တရုတ်နိုင်ငံကို ကျော်ဖြတ် သွားမည် ဖြစ်ကြောင်း ကမ္ဘာ့ လူဦးရေ တိုးတက်မှုနှုန်း ဆိုင်ရာ ကုလသမဂ္ဂ အစီရင်ခံစာ တစ်စောင်တွင် ဖော်ပြထားသည်။

အလားတူ နိုင်ဂျီးရီးယား နိုင်ငံသည် ၂ဝ၅ဝ ပြည့်နှစ် ခန့်တွင် လက်ရှိကမ္ဘာ့ တတိယ လူဦးရေ အများဆုံး နိုင်ငံဖြစ်သည့် အမေရိကန် ပြည်ထောင်စု၏ နေရာကို အစားထိုး ဝင်ရောက် သွားမည်ဖြစ်ပြီး အာဖရိက နိုင်ငံ၏ လူဦးရေသည် လာမည့် ၃၅ နှစ်အတွင်း၌ ကမ္ဘာ့လူဦးရေ တိုးတက်မှု နှုန်း၏ ထက်ဝက် ကျော်အထိ မြင့်တက် လာမည်ဟု ခန့်မှန်း ရကြောင်း အဆိုပါ အစီရင်ခံစာ တွင် ဖော်ပြ ထားသည်။

အဆိုပါ အစီရင်ခံစာတွင် ဖော်ပြချက် အရ လက်ရှိ ကမ္ဘာ့လူဦးရေ ၇ ဒသမ ၃ ဘီလီယံ သည် ၂ဝ၅ဝ ပြည့်နှစ်တွင် ၉ ဒသမ ၇ ဘီလီယံ အထိ ရောက်ရှိမည် ဖြစ်ပြီး ၂၁ဝဝ ပြည့်နှစ်တွင် ၁၁ ဒသမ ၂ ဘီလီယံသို့ ရောက်ရှိမည် ဖြစ်ကြောင်း သိရသည်။

၂ဝ၁၅ ခုနှစ်နှင့် ၂ဝ၅ဝ ပြည့်နှစ် အကြား ကမ္ဘာ့ လူဦးရေ တိုးတက်မှု နှုန်း၏ ထက်ဝက် ခန့်သည် အိန္ဒိယ၊ နိုင်ဂျီးရီးယား၊ ပါကစ္စတန်၊ ကွန်ဂို ဒီမိုကရက်တစ် နိုင်ငံ၊ အီသီယိုးပီးယား၊ တန်ဇန်းနီးယား၊ ဗြိတိန်၊ အင်ဒိုနီးရှား နှင့် ယူဂန်ဒါနိုင်ငံ တို့မှ ဖြစ်လာမည်ဟု အဆိုပါ အစီရင်ခံစာတွင် ထပ်လောင်း ဖော်ပြထားသည်။

#PyiChitThar

No comments:

Post a Comment