Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, August 18, 2015

လျှို့ဝှက် ထောက်လှမ်းမှုများနှင့် ပတ်သက်၍ တရုတ်ကို အမေရိကန်သတိပေး



ဝါရှင်တန် ၊ ၁၈-၈-၂ဝ၁၅

အမေရိကန် ပြည်ထောင်စု အတွင်းရှိ တရုတ်ပြည်ပြေး များကို ဖိအားပေးမှုနှင့် နိုင်ငံအတွင်း လျှို့ဝှက် ထောက်လှမ်းမှုများ လုပ်ဆောင်နေမှုနှင့် ပတ်သက်၍ တရုတ် အစိုးရကို အမေရိကန် အစိုးရက သတိပေး လိုက်ကြောင်း သိရသည်။

တရုတ်နိုင်ငံသည် အမေရိကန် ပြည်ထောင်စုမှ ပြည်ပြေးများကို နိုင်ငံအတွင်းသို့ ပြန်လည် ခေါ်ယူနိုင်ရန် အတွက် ၄င်းတို့ထံမှ တရားမဝင် ငွေကြေးများကို ပြန်လည် သိမ်းယူလျက် ရှိကြောင်း အမည်မဖော် လိုသော အမေရိကန် အာဏာပိုင် များ၏ ပြောကြားချက်ကို ကိုးကား၍ နယူးယောက်တိုင်းမ် သတင်းစာ က ဖော်ပြ ထားသည်။

အဆိုပါ လုပ်ဆောင်မှု များနှင့် ပတ်သက်၍ တရုတ် အာဏာပိုင် များကို အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန က သတိပေး ထားသည်။ ထို့အပြင် လျှို့ဝှက် ထောက်လှမ်းရေး သမားများသည် တရုတ်နိုင်ငံရှိ ပြည်သူ့ ခြုံရေးဌာန လက်အောက်၌ အမှုထမ်း နေသူများ ဖြစ်ပြီး ခရီးသွား လုပ်ငန်း သို့မဟုတ် ကုန်သည် ဗီဇာ များဖြင့် အမေရိကန်နိုင်ငံ အတွင်းသို့ ဝင်ရောက် နေကြောင်း နယူးယောက်တိုင်းမ် သတင်းစာ က ဆက်လက် ဖော်ပြထားသည်။

#PyiChitThar

No comments:

Post a Comment