Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, August 4, 2015

ရေကြီးရခြင်း အကြောင်းအရင်းများ

ရေကြီးမှုကို အမျိုးအစား ပုံမှန်အားဖြင့် သုံးမျိုး ခွဲခြားထားပါတယ်
၁) Coastal flood or storm surge flood (ကမ်းရိုးတန်းပင်လယ်ရေလှိုင်း ရိုက်ခတ်ပြီး ရေကြီးမှု)
၂) Riverine flood (မြစ်ရေကြီး ရေလျှံမှု) {တအိအိရေတက်ပါမယ်}
၃) Flash flood (ရုတ်တရက်ရေကြီးမှု) {ရေအလုံးအရင်း နဲ့ washing away ဖြစ်ပါမယ်}
တို့ဖြစ်ပါတယ်..
coastal flood အခုမုန်တိုင်းနဲ့ အတူ ရခိုင်မှာ ဖြစ်သွားခဲ့ပါတယ် ရခိုင်ရဲ့ကုန်းတွင်းပိုင်းတွေမှာ riverine flood ကတွဲဖြစ်ပါတယ် ချင်းပြည်နယ်တောင်ပေါ်ဒေသတွေမှာ မိုးကြီးပြီး landslide တွေဖြစ်ပါတယ် forest cover မရှိတဲ့ soil မှာ rainfall ကြောင့် soil stability ပျက်စီးပြီး landslide ဖြစ်ပါတယ်
အခုအညာဘက် ကုန်းတွင်းပိုင်းမှာ မိုးကြီးပြီး riverine flood ဖြစ်နေပါတယ် Hydrology cycle မှာ မရှိမဖြစ် အရေးကြီးတဲ့ သစ်တောတွေ ဒီမြစ်ချောင်းတွေရဲ့ watershed မှာ နဲသွား/မရှိတော့တာကြောင့် မိုးရေက interception , infiltration, percolation ကောင်းကောင်း လုပ်တာမခံရပဲ ချောင်းထဲကို တိုက်ရိုက် surface runoff အနေနဲ့ စီးသွားရတယ်.. စီးတာမှ ရိုးရိုးမစီးပဲ တစ်ခါတည်း မြေကြီးတွေပါတိုက်စားပြီး စီးသွားရင် ဒီချောင်းထဲကို ရေတွေတင်မကပဲ တိုက်စားလာတဲ့ မြေကြီးတွေ နှုန်းတွေ ပါလာပါမယ်.. ဒီ နှုန်းတွေက တစ်နေရာမှာ အနယ်ကျသွားရင် ချောင်းရဲ့ ရေစီးဆင်းမှုကို အနှောက်အယှက် ပေးပါတော့မယ်.. ချောင်းရဲ့ ရေစီးအားနှေးသွားရင် ရေတဖြည်းဖြည်းတက်လာပြီး ချောင်းကမ်းပြည့်လာပါမယ်.. ဒီအတိုင်းဆက်ပြီးမိုးကြီးနေရင် ချောင်းဘေးရေလျှံပါမယ်.. နေရာစုံမှာ ဒီလိုဖြစ်ရင် သက်ဆိုင်တဲ့ river system/network ကြီးတစ်ခုလုံး ရေကြီးရေလျှံပါမယ်....
သဘာဝတရားက ဒီလိုဖြစ်လာပြီးဆိုရင် ဘာတွေလုပ်မလဲ
မြစ်ချောင်းနဲ့နီးတဲ့နေရာဒေသ ရွာတွေ အမြန်ဆုံးရွေ့ပြောင်းရပါမယ်.. (အချိန်မှီပြောင်းရွေ့နိုင်ဖို့ မိုးရေချိန်ပြင်းအား သတ်မှတ်ချက် (rainfall intensity scenarios) အမျိုးမျိုးနဲ့ ပြုလုပ်တွက်ချက်ထားတဲ့ flood hazard map တွေသုံးပြီး မှန်ကန်တဲ့ ထိရောက်တဲ့ disaster management planing ပြုလုပ်နိုင်ပါတယ်) အခုက ဘာ flood hazard map မှာလည်း ဒီ river system အတွက် ပြုလုပ်ထားတာမရှိဘူး.. ဒါကြောင့် satellite image တွေ အကူအညီနဲ့ gis / rs ဆရာတွေက possible flood water area map တွေ အရေးပေါ်ထုတ်ပြီး ရွာတွေ ပြောင်းရွေ့နိုင်ဖို့ ကူညီပေးနေပါတယ်.. ဒီ map တွေကနေ ထိရောက်တဲ့ အပျက်စီး ဆုံးရှုံးမှု အနဲဆုံး အနေအထားကနေ ကယ်ဆယ်ဖို့ disaster management planing က အမိန့်ပေးနိုင်တဲ့ အာဏာပိုင်တွေရဲ့ တာဝန်ပဲဖြစ်ပါတယ်..
ခက်တာက အညာမိုးနည်းဒေသမှာ သောက်သုံးရေ နဲ့ စိုက်ပျိုးရေးအတွက်က ဆည်မြောင်းတွေက လိုအပ်လို့ ရှိနေခဲ့ပါတယ်.. Natural topography and drainage system ကို သူက interfere လုပ်ပါတယ်.. ဒါကြောင့်မို့လို့ gis ဆရာတွေက သူတို့ကတော့ ဖြစ်နေနိုင်တဲ့ topo အရ flood map တွေ တော့ထုတ်ထားပေးတယ် ဆည်တွေက သူ့တို့ ဝင်ရေ ကိုမခံနိုင်ခဲ့ရင်တော့... ဘာမှမတတ်နိုင်ဘူး ဆိုတဲ့ပုံစံမျိုးပြောပါတယ်...

ဆည်မြောင်းအရာရှိတွေရဲ့ စိုးရိမ်စရာမရှိပါ ဆိုတဲ့ စကားရဲ့ ရည်ညွှန်းချက်
~~~~~~~~~~~~~~~~~~~~~~
ဒီတော့ ဆည်မြောင်းအင်ဂျင်နီယာတွေမှာ ဘာတာဝန်ရှိသွားသလဲဆိုတော့...
ဆည်မကျိုးအောင်ရေးကို အဓိကထား စစ်ဆေးစောင့်ကြည့်နေရပါတယ်.. Water balancing ရေထိန်းညှိပေးတဲ့ အလုပ်ကို gated spillway ဆိုရင်တော့ ပညာသားပါပါ ပြုလုပ်ရပါတယ်.. Fool-proof ဖြစ်တဲ့ ungated spillway ဆိုရင်တော့ သူ့အလိုလို ရေလျှံပါမယ်.. inflow-outflow water balancing လုပ်တဲ့ spillway design သာ safe ဖြစ်ရင် ကြောက်စရာမလိုပါဘူး... ရေအားကြောင့် spillway structure ကြီး ရဲ့ ကြံ့ခိုင်ရေးကိုတော့ အချိန်နဲ့ အမျှစောင့်ကြည့် စစ်ဆေးနေရမှာပါ.. ဥပမာ ရာဇဂြိုလ်ဆည်မှာလို wood-log တွေ spillway ရေထွက်ကိုလာပိတ်ရင်တော့ စနစ်တကျ ဖယ်ထုတ်ရှင်းလင်းပေးရပါတယ်.. downstream က အထက်မှာဖော်ပြခဲ့သလို ရေတောင့်ပြီးရေကြီးနေတာက တစ်ကဏ္ဍပါ.. အကယ်၍သာ ဆည်ရေမနိုင်လို့ ဆည်ကျိုးပြီး catch လုပ်ပေးထားတဲ့ရေတွေ (ဆည်သာမရှိရင် downstream ရေကြီးတဲ့နေရာက ရေ (baseflow) နဲ့လာပေါင်းမယ့် ရေပမာဏ) သာ အလုံးအရင်းနဲ့ ရှိသမျှ အကုန် washing away လုပ်သွားရင် ချောင်းရိုးတလျှောက်က ရှိသမျှ လူတွေ အားလုံးကို ဧရာဝတီမှာ ပဲ သွားရှာမှရတော့မှာပါ.. အဲ့ဒါမျိုး ကို flash flood လို့ခေါ်ပါတယ်.. ရုတ်တရက်ရေကြီးခြင်း မထိန်းနိုင်တဲ့ ရေအလုံးအရင်း အရှိန်နဲ့ ဝင်ရောက်ခြင်းပါ.. လူတွေ အစုလိုက်အပြုံလိုက်သေနိုင်ပါတယ်.. ဒါမျိုးလုံးဝအဖြစ်မခံနိုင်ပါဘူး.. ဆည်မြောင်း အင်ဂျင်နီယာတွေရဲ့ တာဝန်က ဒါပါ.. ဆည်ကို အကျိုးမခံနိုင်ပါဘူး.. ဒါကြောင့်မို့ သူတို့တမံရဲ့ ကြံ့ခိုင်ရေးကို စောင့်ကြည့်စစ်ဆေးပြီး စိုးရိမ်စရာမရှိပါ ဟု သတင်းထုတ်ပြန်ခြင်းဖြစ်ပါတယ်..
အခုမုန်းတမံ အဆိုးဆုံးအခြေအနေကို ကြံ့ကြံ့ခံပေးသွားနိုင်ခဲ့ပါတယ် flooded area map တွေခန့်မှန်းပေးတဲ့ gis ဆရာတွေ ကြောက်လန့်ခဲ့တဲ့ domino effect ဆိုတဲ့ dam သုံးဆင့် ကျိုးပြီး ကြောက်စရာကောင်းတဲ့ လူတွေအစုလိုက် အပြုံလိုက် wash away ဖြစ်မယ့် အခြေအနေက လွတ်မြောက်သွားပါပြီ.. ဘာဖြစ်လို့လဲဆိုတော့ မုန်းတမံ အောက်မှာ ကြီးအုံကြီးဝ တမံနဲ့ မဲဇလီရေလွှဲဆည်ရှိနေပါတယ်.. ဒါ့ကြောင့်မို့ မုန်းတမံသာ ကျိုးခဲ့ရင် အဆင့်ဆင့် တမံ ကျိုးပြီး ဆိုးရွားတဲ့ crisis ကြီး ဖြစ်သွားနိုင်လို့ ပါ.. မုန်းတမံကို အချိန်နဲ့အမျှစောင့်ကြည့် စစ်ဆေးနေခဲ့ပြီး ကံကောင်းစွာ ပဲ ဝင်ရေလျော့ကျပြီး spillway ပေါ်က ရေကျော်မှတ်လည်း လျော့ကျလာပါပြီ...
ပညာရှင်တွေ engineer တွေ technician တွေ ကိုယ်တတ်အားသ၍ ဒီအခြေအနေမှာ ကူညီနေကြတယ်... ကိုယ့်တာဝန်ကိုယ်ယူနေကြတယ်.. (ကြိုတင်ကာကွယ်ရေး ညံ့ဖျင်းခြင်း ၊ database system မရှိခြင်း ၊ research analysis မရှိခြင်း) ဒါတွေကိုတော့ ဘာမှမပြောလိုတော့ပါ.. လူကြီးတွေ ပညာရှင်တွေ သိပါတယ်...
အကြောင်းရှိလို့ အကျိုးဆက်ဖြစ်လာမှတော့ကွယ်...

ဟိုလူ့လက်ညိုးထိုး ဒီလူ့လက်ညိုးထိုး ထိုင်အပြစ်တင်နေခြင်းသည် ကောင်းကျိုး အပြုသဘောဆောင်သောလုပ်ရပ် မဟုတ်ပါလေ.. လူ လူချင်း ကိုယ်ချင်းစာတတ်သော နှလုံးသားဖြင့် တတ်အားသ၍ ကူညီဆောင်မခြင်းဖြင့် အရေးပေါ်အခြေအနေကို အကောင်းဆုံးရင်ဆိုင်ကြပါစို့..
လူသားအားလုံးသတိ အသိရှိပြီး ဘေးရန်ခပ်သိမ်းကင်းဝေးကြပါစေ...

Credit to Shelly Win

No comments:

Post a Comment