Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, August 26, 2015

ဝန်ဆောင်မှုကို မကျေနပ်လို့ စောဒကတတ်ပြောဆိုတဲ့ ဧည့်သည် ကို စားပွဲထိုးက ရေနွေးပူနဲ့လောင်းပြီး ရိုက်နှက်ခဲ့

တရုတ်နိုင်ငံရဲ့ စားသောက်ဆိုင်တစ်ခုမှာ အလုပ်လုပ်ကိုင်နေတဲ့ စား ပွဲထိုးဝန်ထမ်းကောင်လေးရဲ့ဝန်ဆောင်မှုပေးခြင်းနဲ့ ပတ်သက်ပြီး အလိုမကျ စောဒကတတ် ပြောဆိုတဲ့ ဧည့်သည်စားသုံးသူ မိန်းက လေးကို ၎င်းစားပွဲထိုးစိတ်မနှံ့တဲ့ဝန်ထမ်းက ဒေါသတကြီးနဲ့နောက် ကျောဘက်ကနေရေနွေးပူနဲ့လောင်းချခဲ့ပြီး အကြမ်းဖက်ရိုက်နှက် တိုက်ခိုက်မှုတွေ ပြုလုပ်ကာ တုန့်ပြန်ခဲ့ပါတယ်။

ဝမ်ဇိုးပြည်နယ် စားသောက်ဆိုင်မှာဖြစ်ခဲ့တဲ့ အဆိုပါ ကြောက်စရာ ကောင်းတဲ့လုပ်ရပ် ဖြစ်တဲ့ စားပွဲထိုးကောင်းလေးရဲ့စိတ်ဖောက်ပြန် ကာ ရက်ရက်စက်စက်တုန့်ပြန်မှုကြောင့် အဆိုပါ မိန်းကလေး မစ္စ လင်းက အသက်မသေရုံတမယ်နဲ့ ခန္ဓာကိုယ်တခြမ်းနဲ့ နောက်ကျော ပြင်တစ်ခုလုံးနီးပါး ပြင်းပြင်းထန်ထန် လောင်ကျွမ်းစုတ်ပြဲခဲ့ရပြီး အကြီးစားဆေးကုသမှုတွေ ခံယူနေရပါတယ်။
စိတ်ကျန်းမာရေးအခြေအနေ အနည်းငယ်ချို့ယွင်းနေတယ်လို့ ယူ ဆရဲ့ အဆိုပါဆိုင်ဝန်ထမ်းကောင်လေးကို ရဲတပ်ဖွဲ့ဝင်တွေကလက် ရှိမှာ ဖမ်းဆီးထားပြီး စစ်ဆေးမေးမြန်းမှုတွေပြုလုပ်နေတယ်လို့ သိရ ပါတယ်။

Phothutaw

No comments:

Post a Comment